News

POST TAGGED AS

နည်းပညာ

“လိုအပ်တဲ့ပစ္စည်းတွေက ဈေးကြီးတဲ့အပြင် ကျောင်းတွေမှာလည်း လိုအပ်တဲ့ကိရိယာတွေ အလုံအလောက်မရှိတာမျိုးတွေ ကြုံတွေ့ရတယ်ဗျ”
ပဲခူးတိုင်း တောင်ငူမြို့နယ် ကေတုမတီမြို့သစ်အနီးရှိ နည်းပညာတက္ကသိုလ် (တောင်ငူ) ၏ ကျောင်းတွင်းသင်္ကြန်ပွဲကို မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့ကြောင်း ယင်းသင်္ကြန်ပွဲကို ဦးဆောင်ကျင်းပသည့် ဦးရှိုင်းထက်ဇော်က ပြောကြားသည်။
27-Feb-2018 tagged as နည်းပညာ
လာမည့်နှစ်ပေါင်း ၅၀ အတွင်း AI (Artificial Intelligence) ဆိုသည့် လူသားအတိုင်း တုပဆောင်ရွက်နိုင်သည့် ကွန်ပျူတာနည်းပညာအပြင်၊ Machine Learning ဆိုသည့် AI စက်များကို တီထွင်ခိုင်းစေနိုင်သည့် ပညာရပ်များသည် ခေတ်စားလာပေတော့မည်။ နည်းပညာ တိုးတက်ထွန်းကားလာသည်နှင့်အမျှ လူသားတို့အလုပ်အကိုင်များ ပျောက်ကွယ်ခဲ့ရသည်။ ထို့ကြောင့် အဆင့်မြင့်ပညာရပ်များကို သင်ကြားနေသည့် တက္ကသိုလ်များတွင်ပါ ဘာကိုသင်ကြရမည်နည်းဟု အဖြေရှာလာခဲ့ကြသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းလ် ငွေပေးချေစနစ်၊ မိုဘိုင်းလ်ဘဏ်စနစ်များ စတင်လာချိန်တွင် အခြားလုပ်ငန်းနယ်ပယ်များထက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိခိုက်မှုများ၊ အချက်အလက်ပေါက်ကြားမှုများ ဖြစ်ပွားလာနိုင်ခြေ ပိုမိုများပြားလာပြီး ကြီးမားသည့်စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ အတွင်းရေးမှူး ဦးမင်းဦးက ပြောသည်။
တရားရုံးများတွင် အမှုရင်ဆိုင်နေရသည့် အမှုသည်များနေထိုင်ရာ အိမ်မှ ရုံးချိန်းရက်များသိနိုင်ရန် နည်းပညာသုံး မှုခင်းသတင်း အချက်အလက်စနစ် တစ်ရပ်ကို ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောကြားသည်။
“Facebook ကပေးထားတဲ့ Recovery Option ကိုသုံးပြီး Recovery ခေါ်တာမျိုးကိုတော့ ဟက်ကာလို့တော့ မသတ်မှတ်စေချင်ဘူးဗျ”
တရုတ်နိုင်ငံတွင် ဂျက်မာကို မသိသူမရှိ။ တကယ့် သူဌေးကြီးတစ်ဦးဖြစ်ပြီး ကမ္ဘာကျော်လည်းဖြစ်သည်။ သူက အေးခဲသည့် ရာသီဥတုကို ဖြတ်ပြီး ကျောင်းလာတက်ရသည့် ကလေးတစ်ဦး၏ ဆံပင်နှင့်မျက်တောင်များ ရေခဲချောင်းလို ဖြစ်နေပုံတွေကို အွန်လိုင်းတွင်တွေ့ ပြီး သနားစိတ်ဖြစ်ကာ သူ့လို သူဌေးလုပ်ငန်းရှင်များကို ကျေးလက်တောရွာနေ ကလေးများပညာရေးအတွက် အထောက်အကူပေးကြရန် မေတ္တာရပ်ခံလိုက်သည်။ ကျေးလက်နေ ကလေးများအတွက် ဂျက်မာ ဖြေရှင်းပုံက ရိုးရိုးလေးဖြစ်သည်။ ကျေးလက်တောရွာများတွင် ဝေးလံသည့်ဒေသများက ကျောင်းလာတက်နေရသည့် ကလေးများကို ကျောင်းအိပ်ကျောင်းစား ဘော်ဒါများဖွင့်ပေးပြီး ပညာသင်ကြားနိုင်ရေးကို အားပေးရန် ဖြစ်သည်။
ကမ္ဘာလုံး ET ခေါ် Educational Technology လမ်းကြောင်းကို လိုက်နေကြသည်။ ကုမ္ပဏီများကလည်း ပညာရေးနည်းပညာအတွက် သီးခြားဆောင်ရွက်နေသည့် Edtech ကုမ္ပဏီတွေ ပေါ်လာသည်။ ၂၀၁၇ ခုနှစ် ပထမ ၁၀ လ အတွင်း Edtech တို့ ရင်းနှီးမြှုပ်နှံသည့် ငွေပမာဏမှာ ဒေါ်လာ ၈ ဒသမ ၁၅ ဘီလီယံဖြစ်လာကြောင်း တွေ့ရသည်။