News

POST TAGGED AS

ဓားထိုးမှု

စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်း ကုန်း (တောင်) ရပ်ကွက်၊ မကြီးကြီးလမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် မတ်လ ၂၄ ရက် နံနက် ၁ နာရီခန့်က အကြော်ဆရာတစ်ဦးကို စားပွဲထိုးအမျိုးသားတစ်ဦးက ဓားဖြင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ကြည့်မြင်တိုင်မြို့နယ်၊ အလယ်ချောင်းရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ နေအိမ်တစ်လုံးသို့ သွားရောက်ပြီး အကြွေး နှစ်သိန်း ခုနစ်သောင်းကျပ်ကို တောင်းရမ်းသည့် အမျိုးသမီးဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ မြို့သစ်၊ အမှတ် (၁၄) ရပ်ကွက်၊ နရပတိလမ်းထိပ်တွင် မတ်လ ၁၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသူတစ်ဦးကို အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားနှင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ခိုင်စံပယ်လမ်းထိပ်တွင် မတ်လ ၆ ရက် ည ၁၀ နာရီခန့်က ရန်ဖြစ်နေသည်ကို ဝင်ရောက်တားမြစ်သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း ထန်းတပင်မြို့နယ် ကျုံပါ (က) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းတွင် ဆူပူရန်ရှာနေသူက တားမြစ်သူအမျိုးသားကို ဓားမြှောင်ဖြင့်ထိုးသဖြင့် အထိုးခံရသူ သေဆုံးခဲ့ကြောင်း ဇရပ်ကြီးနယ်မြေရဲစခန်းထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်၊ ၁၀ ရပ်ကွက်၊ ပုသိမ်လမ်းရှိ ကျူးကျော်တဲတစ်လုံးတွင် ဖေဖော်ဝါရီလ ၂၅ ရက် ည ၉ နာရီက အသက် ၃၅ နှစ်အရွယ် အစ်မအရင်းကို မောင်ဖြစ်သူက ဓားဖြင့်ထိုးကာ တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီးတွင် လက်ဖက်ရည်ဆိုင်မှ ထွက်လာသည့် အမျိုးသားနှစ်ဦးကို ကယ်ရီမောင်းသည့် အမျိုးသားနှစ်ဦးက ဓားဖြင့် ဆင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ နတ်ရှင်နောင်လမ်းပေါ်တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီခန့်က ခရီးသည်လုရာက ဆိုင်ကယ်ကယ်ရီသမား အချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၆ ရက် ညပိုင်းက စကားများရာမှ အမျိုးသားနှစ်ဦးမှာ ဓားဖြင့်ထိုးခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ကိုးတန်းကျောင်းသားတစ်ဦးမှာ ဓားဖြင့် ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။