News

POST TAGGED AS

ဓားထိုးမှု

စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက်၊ တရုတ်ကျောင်းလမ်းနှင့် သံတံတားလမ်းသွယ်ကွေ့တွင် မေလ ၁၉ ရက် ညနေ ၆ နာရီခန့်က ကားပါကင်ထိုးရာက စကားများရန်ဖြစ်ပြီး အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်းကျေးရွာ အုပ်စု၊ ပေါက်တန်းကျေးရွာ၊ ကွက်သစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မေလ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်က သားအမိနှစ်ဦး ဓားထိုးခံခဲ့ရကာ အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူသေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ကွာရှင်းပြတ်စဲထားသည့် ခင်ပွန်းဟောင်းဖြစ်သူက မူလတန်းပြကျောင်းဆရာမတစ်ဦးအား ဓားဖြင့် ထိုးသတ်မှုတစ်ခု မော်လမြိုင်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ ကျောက်တော်ကြီးဘုရားမှ သတ္တဌာနဝင်းအတွင်း မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်က အမျိုးသမီးဈေးသည် အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့သည်။
တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ဘိလိယက်ခုံတစ်ခုတွင် မေလ ၁၃ ရက် ည ၇ နာရီခွဲခန့်က အကြွေးရရန်ရှိသည့် ငွေကျပ်တစ်သိန်းကို သွားရောက်တောင်းသူ အမျိုးသားနှစ်ဦး ဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
သံပိုက်လုံးနှင့် ရိုက်နှက်ခံရသဖြင့် ဓားဖြင့်ပြန်ထိုးရာမှ ဖခင်ဖြစ်သူ သေဆုံးသွားသဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် မသန်စွမ်းအမျိုးသားကို မေလ ၈ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို တင်ပို့ထားကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရသည်။
02-May-2018 tagged as ဓားထိုးမှု
ကျောက်တန်းမြို့နယ် မြိုင်သာယာ ၂ ရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့ လမ်းမပေါ်တွင် ဧပြီလ ၂၉ ရက် ည ၁၀ နာရီခွဲခန့် က အရက်အတူသောက်လာသူနှစ်ဦး အချင်းများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က အိမ်ပြင်ခေါ်ထုတ်မရသည့် ရည်းစားဖြစ်သူ အမျိုးသမီးကို အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသားက နေအိမ်ပေါ်အထိတက်ကာ ဓားနှင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၄) ရပ်ကွက်၊ ရွှေလင်ပန်း လမ်းမပေါ်တွင် ဧပြီလ ၁ ရက် ည ၉ နာရီခန့်က ယခင်ရန်ဖြစ်ဖူးသည်ကို မကျေနပ်၍ စိန်ခေါ်ပြီး ဓားထိုးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း​ ပဲခူးမြို့နယ်​ ဗိုလ်​ကုန်းအမှတ်​ ၁၈ ရပ်​ကွက်​ မဟာစည်​ဘုန်းကြီး​ကျောင်းနှင့် အ​သောက​ကျောင်းလမ်းကြားတွင်​ မတ်​လ ၂၅ ရက်​​နေ့ ညပိုင်းက သမီးရည်းစားနှစ်ဦး ဆိုင်ကယ်ရပ်၍ စကားပြောနေစဉ် အမျိုးသားနှစ်ဦးက ပိုက်ဆံလာရောက်လုယက်ရာမှ မရသဖြင့် အမျိုးသားကို ဓားဖြင့်ထိုးသတ်ပြီး ထွက်ပြေးသွားကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။