News

POST TAGGED AS

ထိုင်း

PUMA က စက်သုံးဆီလက်လီဈေးကွက်သို့ လာမည့်နှစ်၌ ဝင်ရောက်ရန်စီစဉ်
ရန်ကုန်၊ ဇွန် ၂၁

စင်ကာပူအခြေစိုက် ရေနံကုမ္ပဏီ PUMA က ၂၀၁၉ ခုနှစ်တွင် စက်သုံးဆီ လက်လီဈေးကွက်သို့ စတင်ဝင်ရောက်ရန် လျာထားကြောင်း ယင်းကုမ္ပဏီ၏  Com- mercial Manager ဦးဝေလျှံမင်းက ပြောကြားသည်။

PUMA သည် စတင်ရောင်းချသည့်နှစ်မှစ၍ ဆယ်စုနှစ်တစ်စုအတွင်း ဆိုင် ၅၀ နီးပါး ဖွင့်လှစ်မည်ဖြစ်ပြီး ဖက်စပ်အကျိုးတူလုပ်ကိုင်ခြင်း၊ ကိုယ်ပိုင်ဆိုင်များ ဖွင့်လှစ်ခြင်း အစရှိသည့် နည်းလမ်းများဖြင့် ဝယ်ယူသူများကို ဝန်ဆောင်မှုများပေး မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပြည်ပရေနံစိမ်း ဈေးကျတာနဲ့ အခုကျွန်တော်တို့လုပ်နေတဲ့ လက်ကားဈေးကွက်မှာ ဈေးက လိုက်ကျပါတယ်။ အခု လက်လီဈေးကွက်မှာတော့ ဈေးမကျဘူးဆိုတာတွေ ဖြစ်နေတာပေါ့။ PUMA က ဈေးကွက်ထဲကို ဝင်မယ်ဆိုရင်တော့ ပစ္စည်းအရည်အသွေးရယ် ဖြစ်သင့်တဲ့ဈေးနှုန်းတွေရယ်ကို အဓိကထားပြီး ဝန်ဆောင်မှုပေးပါ့မယ်”ဟု ၎င်းက ဆိုသည်။

စက်သုံးဆီများကို စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ အဓိကတင်သွင်းပြီး ပြည်တွင်းဆိပ်ကမ်းသို့ အများဆုံး တန်ချိန်နှစ်သောင်းတင်နိုင်သည့် သင်္ဘောများသာ ဆိုက်ကပ်နိုင်ကြောင်း၊ ကုန်ကျစရိတ်တွင် အခြားသောနိုင်ငံများထက် ပိုများနေခြင်းသည် စက်သုံးဆီဈေးတက်ရသည့်အကြောင်း အရင်းတစ်ခုလည်းဖြစ်ကြောင်း PUMA ကုမ္ပဏီထံမှ သိရသည်။

ပြည်တွင်းတွင် စက်သုံးဆီဆိုင်များဖွင့်လှစ်ရန် အကြီးကျယ်ဆုံးစိန်ခေါ်မှုမှာ အိမ်၊ ခြံ၊ မြေဈေးနှုန်းဖြစ်ပြီး မြန်မာနိုင်ငံ၌ စက်သုံးဆီဆိုင်ဖွင့်ခြင်းသည် အခြားသောနိုင်ငံများထက် ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုများနိုင်ကြောင်း နိုင်ငံခြား ရေနံကုမ္ပဏီများမှ တာဝန်ရှိသူများက ပြောဆိုကြသည်။

PUMA က အနာဂတ်ရင်းနှီးမြှုပ်နှံမှုအဖြစ် စက်သုံးဆီ လက်လီဆိုင်များဖွင့်သွားမည်ဖြစ်ကာ ယင်းစက်သုံးဆီဆိုင်များတွင် PUMA တံဆိပ် စက်ဆီ၊ ချောဆီများကို ရောင်းချမည်ဖြစ်သည်။

ထို့ပြင် ပြည်တွင်းကုမ္ပဏီ Asia Sun Energy နှင့် ပူးပေါင်း၍လည်း စက်သုံးဆီကို လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကာ ဈေးကွက်ဝေစု လေးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းရရှိထားကြောင်း PUMA ထံမှသိရသည်။

J-13



FOLLOW US