News

POST TAGGED AS

ထားဝယ်

24-Jan-2018 tagged as ထားဝယ်
ဒုတိယတန်း ကျောင်းသူတစ်ဦး ညအိပ်နေစဉ် မြွေမျိုခံရသည့် ဖြစ်စဉ်တစ်ခု တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ရွှေဂဲညိုကျေးရွာတွင် ဇန်နဝါရီလ ၁၉ ရက် နံနက် ၄ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန်အနီးရှိ တလိုင်းသတ်တောင်တွင် အီတာလျံ - ထိုင်း (ITD) ကုမ္ပဏီ၏ ကျောက်ထုတ်လုပ်ငန်းကြောင့် ပျက်စီးခဲ့ရသည့် လယ်ပိုင်ရှင်များကို ဇန်နဝါရီလ ၂၉ ရက်တွင် သီးနှံလျော်ကြေး ပေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး ဦးစီးအရာရှိ ဦးဝေဖြိုးလင်းက ပြောကြားသည်။
20-Jan-2018 tagged as ထားဝယ်
နည်းပညာတက္ကသိုလ် (ထားဝယ်) တွင် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမ ဆောက်လုပ်ပေးရန် ယင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ ဇန်နဝါရီလ ၁၇ ရက်က စာပို့ တောင်းဆိုလိုက်သည်။
03-Jan-2018 tagged as ထားဝယ်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ကျင်းပမည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသော လက်နက်ကိုင်အဖွဲ့များကိုပါ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
02-Jan-2018 tagged as ထားဝယ်
ထားဝယ် မြစ်ကမ်းနဖူးတစ်လျှောက်ရှိ ဆိပ်ကမ်းသာလမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်း စတင်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။
ထားဝယ်နှင့်မြိတ်မှ တရားဝင် စာရင်းကောက်ယူထားသော ကျူးကျော်များအား ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မတိုင်မီ အစိုးရ အငှားအိမ်ရာများတွင် နေရာချထားပေးရန် စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။
26-Dec-2017 tagged as အခွန် ထားဝယ်
ပြေစာတွင် အခွန်တံဆိပ်ခေါင်းကပ်၍ ရောင်းချရန် တနင်္သာရီတိုင်းအတွင်းရှိ စားသောက်ဆိုင်ပေါင်း ကိုးဆယ်နီးပါးက အခွန်တံဆိပ်ခေါင်းများ ထုတ်ယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
04-Dec-2017 tagged as ထားဝယ်
တနင်္သာရီတိုင်းအတွင်း အခြေစိုက်ထုတ်ဝေလျက်ရှိသည့် တနင်္သာရီဂျာနယ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံးသရော်စာကိစ္စကို စစ်ဆေးရန် တာဝန်ခံအယ်ဒီတာကို ဆင့်ခေါ်လိုက်ပြီဖြစ်သည်။
23-Nov-2017 tagged as ထားဝယ်
ထားဝယ်အမျိုးသား ညီလာခံသို့ ယူနီဖောင်းဝတ်ကာ အခမ်းအနား တက်ရောက်ခဲ့သည့် ထားဝယ် အမျိုးသား တပ်မတော် ဆိုသည့်အဖွဲ့ကို ယင်းကဲ့သို့ နောက်ထပ်မလုပ်ရန် ခံဝန်ထိုးခိုင်းခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောသည်။
မှတ်ပုံတင်ထားခြင်း မရှိသည့် တရားမဝင်ဆေးများ ရောင်းချသည့် ကော့သောင်းမြို့ရှိ ဆေးဆိုင်ပိုင်ရှင်များကို ကော့သောင်း မြို့နယ်ရဲတပ်ဖွဲ့က တရားစွဲလိုက်သည်။