News

POST TAGGED AS

တရုတ်

အလီဘာဘာလုပ်ငန်းစု ဦးပိုင်လီမိတက်၏ ပူးတွဲထူထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌ ဂျက်မာသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကုမ္ပဏီတာဝန်မှ အနားယူမည်ဖြစ်ပြီး အင်္ဂလိပ်စာဆရာ ဟောင်းဂျက်မာသည် ပညာရေးနယ်ပယ် ပရဟိတလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်သွားမည်ဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြသည်။
အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မယားအဖြစ် လက်ထပ်ယူမည်ဟုဆိုကာ ငွေပေးဝယ်ယူ ခေါ်ဆောင်သူ အသက် ၂၆ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး ရန်ကုန်လေဆိပ်တွင် ဩဂုတ်လ ၃၁ ရက် နံနက် ၉ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အာရှတွင် တရုတ်နှင့် ဗီယက်နမ်သည် သင်းခွေချပ်အများဆုံး မှောင်ခိုရောင်းဝယ်နေသည့် နိုင်ငံများဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် သင်းခွေချပ် အကြေးခွံမှာ တန်ဖိုးထားသည့် ပစ္စည်းတစ်မျိုးဖြစ်နေပြီး ဆေးဝါးအတွက် သုံးစွဲနေကြခြင်းဖြစ်သည်။ ထို့ပြင် သင်းခွေချပ်အသားကလည်း ဟိုတယ်ကြီးများတွင် ဇိမ်ခံစားသောက်ရသော တန်ဖိုးကြီး အစားအစာတစ်ခုအဖြစ် သတ်မှတ်ထားပြီး စားသုံးစရာဖြစ်နေသည်။
မန္တလေးဆိုင်ကယ်ဈေးကွက်အတွင်း တရုတ်ငွေဈေးအပြောင်းအလဲကြောင့် တရုတ်ဆိုင်ကယ် (အသစ်) တစ်စီးလျှင် ကျပ် ၂၀,၀၀၀ ခန့် ဈေးတက်လာကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်သူအချို့ထံမှသိရသည်။
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း နန်ဇီဟာဒေသတွင် အသစ်ဆောက်လုပ်ထားသော ဗလီတစ်လုံးကို အာဏာပိုင်များက ဖျက်ဆီးရန် ပြင်ဆင်လျက်ရှိရာ ယင်းဒေသမှ မွတ်ဆလင်ရာပေါင်းများစွာနှင့် အစိုးရအာဏာပိုင်များအကြား လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်လျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
တရုတ်နိုင်ငံ ထိန်ချုံးခရိုင်အတွင်း သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၄၅ ဦးကို တရုတ်နိုင်ငံ ထိန်ချုံးခရိုင် အစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံ အစိုးရသို့ ဩဂုတ်လ ၂ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယခုမဲဆွယ်ပွဲများတွင် တရုတ်နိုင်ငံ သံအမတ်ကြီး တက်ရောက်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအပေါ် ဥရောပကောင်စီ (EU) က အရေးယူရန် ပြင်ဆင်နေခြင်းကို ရယ်စရာတစ်ခုအဖြစ် ပြောခဲ့သည်။ မစ္စတာဟွန်ဆင်ကလည်း တရုတ်တို့ကို “အားကိုးရသောမိတ်ဆွေ”အဖြစ် အမွှမ်းတင်ခဲ့သည်။ အမေရိကန်တို့နှင့် အနောက်နိုင်ငံများကို ကမ္ဘောဒီးယားတွင် တော်လှန်ရေးကြီးတစ်ရပ်ပေါ်ပေါက်ရန် နှိုးဆော်နေသည်ဟုစွပ်စွဲသည်။
03-Aug-2018 tagged as တရုတ် ကျွဲ နွား
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ဈေးကွက်လိုအပ်ချက်အရ ပြည်တွင်းမှ ကျွဲ၊ နွား အကောင်ရေတစ်သန်းခန့်ကို ဝယ်ယူလိုသည်ဟု ကမ်းလှမ်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
“စီရင်ချက်၊ ရှလီကျန်းနှင့် ဟောင်ကျန်းရီတို့ နှစ်ဦးအား ကွင်းလယ်ကိုထုတ်ပြီး ချက်ချင်းပစ်သတ်စေ”ဟု စီရင်ချက်ကို ဖတ်ပြလိုက်သည်။ ထိုနေ့က မူးယစ်ဆေးဝါးပြစ်မှုအတွက် ချက်ချင်းပစ်သတ်ခံရသူ တရားခံနှစ်ဦးအပြင် အခြား ၆ ဦးလည်းရှိသေးသည်။ သူတို့က အခြားပြစ်မှုများကြောင့်ဖြစ်ပြီး ဟိုင်းကောင် အားကစားကွင်းအတွင်း ထိုနေ့က သေဒဏ်စီရင်ခြင်းခံရသူမှာ ၈ ဦးဖြစ်သည်။