News

POST TAGGED AS

တွံတေး

တွံတေးတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် ဝင်တိုက်၊ မောင်းသူနှစ်ဦး သေဆုံး
ရန်ကုန်၊ မတ် ၁၂

တွံတေးမြို့နယ်၊ အထက်တမာ တကောကျေးရွာအနီး လှိုင်သာယာ-တွံတေး ကားလမ်းတွင် မတ်လ ၁၁ ရက် ညနေ ၄ နာရီခွဲက မော်တော်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားနှစ်ဦး ပေါက်ပြဲဒဏ်ရာများရခဲ့ပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၇ နှစ် ကိုထက်လွင်ဦးမှာ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့က တွံတေးဘက်မှ လှိုင်သာယာဘက်သို့ လှိုင်သာယာ-တွံတေး ကားလမ်းအတိုင်း ဆိုင်ကယ်မောင်းလာစဉ် အထက်တမာတကော ကျေးရွာအကျော်တွင် မျက်နှာချင်းဆိုင်မှ မောင်းလာသည့် ဆိုင်ကယ်တစ်စီးနှင့် လမ်းလယ်တွင် ဝင်တိုက်မိပြီး ဆိုင်ကယ်နှစ်စီးမှာ ပျက်စီးကာ ကိုထက်လွင်ဦးမှာ ပေါက်ပြဲ ကျိုးပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ယင်းဆိုင်ကယ်နှစ်စီးတိုက်မိမှုမှ ဆိုင်ကယ်မောင်းသူ အသက် ၂၈ နှစ် အောင်ကျော်ထက်မှာလည်း ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရခဲ့ပြီး လှိုင်သာယာမြို့နယ်ဆေးရုံသို့ တင်ပို့စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့သောကြောင့် တွံတေးမြို့မရဲစခန်းမှ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သော သေဆုံးသူနှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US