News

POST TAGGED AS

တွံတေး

တွံတေးတူးမြောင်းထဲရှိ ကျောက်ချရပ်နားထားသော သင်္ဘောတစ်စင်းပေါ်တွင် စက်တင်ဘာလ ၄ ရက် နံနက် ၁ နာရီခန့်က ဓားရှည်များကိုင်၍ လုယက်မှု ကျူးလွန်ရန် ကြံစည်နေသူ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲက စောင့်ဆိုင်းဖမ်းဆီးစဉ် ဓားဖြင့်ရန်ပြုတိုက်ခိုက်မှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ယင်းနှစ်ဦးမှာ ကျည်မှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
လှိုင်သာယာ-တွံတေး ကားလမ်း တွံတေးမြို့နယ် တမာတကောကျေးရွာအနီးတွင် ကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦးကို ကြေးစားငှား၍ သတ်ခိုင်းသည့်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
တွံတေးမြို့နယ် မယ်ပြေကျွန်းကျေး ရွာအုပ်စုရှိ မီးမရသေးသော ကျေးရွာ ၂၃ ခုကို လာမည့်ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်မျိုးဦးထံက သိရသည်။
မဟာဓာတ်အားလိုင်း တည်ဆောက်ရေးအတွက် ဓာတ်ကြိုးဆွဲမည်ဖြစ်၍ တွံတေးတူးမြောင်း ရေလမ်းကြောင်း ၇ ရက်ပိတ်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ မြေဧက ၅၀၀ ပေါ်တွင် ငါး၊ ပုစွန် ကုန်ချောထုတ်လုပ်သည့် အအေးခန်းစက်ရုံများ တည်ဆောက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံ ခွင့်ပြုမိန့် တင်ပြတောင်းခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။
တွံတေးမြို့နယ်၊ အထက်တမာ တကောကျေးရွာအနီး လှိုင်သာယာ-တွံတေး ကားလမ်းတွင် မတ်လ ၁၁ ရက် ညနေ ၄ နာရီခွဲက မော်တော်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားနှစ်ဦး ပေါက်ပြဲဒဏ်ရာများရခဲ့ပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပထမဆုံး အောင်ဆန်းသူရိယဘွဲ့ရ ဗိုလ်မှူးအေးချိုအတွက် အသက် ၁၀၀ ပြည့်မွေးနေ့အခမ်းအနားကို မွေးရာဇာတိ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ပထမဆုံး ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးအောင်ဆန်းသူရိယအေးချိုအသင်းအဖွဲ့ (တွံတေး) ထံမှ သိရသည်။