News

POST TAGGED AS

တံတား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးသွားနေသည့်အတွက် မေလ ၉ ရက် နံနက်တွင် ဖွင့်လှစ်မည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖွင့်ပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။
မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) အမည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ် ၁ သိန်း ၂ သောင်းကျော် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဝန်ကြီးထံ တင်ပြသွားမည်ဖြစ်သည်။
မော်လမြိုင်နှင့် ချောင်းဆုံ (ဘီလူးကျွန်း) သို့ ဆက်သွယ်ထားသော သံလွင်မြစ်ဖြတ် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ပေါ်သို့ မေလ ၆ ရက်ထိသာ ယာယီဖြတ်သန်းခွင့် ပြုထားကြောင်း မွန်ပြည်နယ် လမ်းတံတားဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်ရှိ အမည်ကိစ္စ အငြင်းပွားနေသည့် သံလွင် (ချောင်းဆုံ) တံတားနှင့် ပတ်သက်၍ သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီက နိုင်ငံတကာ အသိုင်းအဝိုင်းသို့ မွန်တိုင်းရင်းသားတို့၏ တောင်းဆိုချက် ၃ ချက် ကို ဧပြီလ ၂၄ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားကြောင်း ယင်းကော်မတီမှ အလုပ်အမှုဆောင် မင်းအောင်မွန်က ပြောကြားသည်။
21-Apr-2017 tagged as တံတား
မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) အမည်အစား ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် သတ်မှတ်သည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ်များကို သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ကောက်ခံလျက်ရှိသည်။
20-Apr-2017 tagged as တံတား
အစိုးရနှင့် ဒေသခံများအကြား တံတားအမည်ပေးမှုနှင့် ပတ်သက်၍ အငြင်းပွားနေသော မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) မြို့ကို ဆက်သွယ်တည်ဆောက်ထားသည့် တံတားကို မေလဆန်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
01-Apr-2017 tagged as တံတား NLD
ကြားဖြတ်ရွေးကောက်ပွဲ အခြားမဲဆန္ဒနယ်မြေများနည်းတူ ဘီလူးကျွန်းသည်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးခဲ့သော်လည်း တံတားကိစ္စ အငြင်းပွားမှု၊ ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်းများ ဒုတိယအကြိမ် ထပ်မံပြုလုပ်ပေးခြင်းနှင့် ပါတီများ၏ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံး လှုပ်ရှားမှုများက ဒေသခံများကို ရွေးကောက်ပွဲဆီသို့ ဆွဲငင်နေသည်။
31-Mar-2017 tagged as တံတား
သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော် အတည်ပြုမှုကို ဆန္ဒပြကန့်ကွက်သည့် ဒေသခံ မွန်တိုင်းရင်းသားများက သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ ဧပြီလ ပထမပတ်အတွင်း စာပေးပို့မည်ဖြစ်ကြောင်း စာပေးပို့ရန် စီစဉ်နေသူများထံမှ သိရှိရသည်။
30-Mar-2017 tagged as တံတား
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးမယ့် ကိစ္စရပ်နှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက ၄င်းတို့ရဲ့ သဘောထားကို ပြောဆိုလာပါတယ်။ ခတ္တာနွန်က ပေးပို့ထားတာပါ။
19-Mar-2017 tagged as တံတား
ရန်ကုန်မြို့နှင့် သန်လျင်၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်းမြို့များသို့ ဆက်သွယ်ထားသည့် သန်လျင်တံတား အမှတ်(၁) ဖြတ်သန်းခကို ဧပြီလ ၁ ရက်မှစ၍ ကောက်ခံမည် မဟုတ်တော့ကြောင်း သန်လျင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောကြားသည်။