News

POST TAGGED AS

တိုက်ကြီး

တိုက်ကြီးတွင် တောဆင်ပေါက်တစ်ကောင် သေဆုံး


တိုက်ကြီး၊ ဧပြီ ၂၄

တိုက်ကြီးမြို့၊ အရှေ့ဘက် ဖလုံဘူတာကျေးရွာအုပ်စု၊ ကွမ်းသီးမြောင်ကျေးရွာ မြောက်လှိုင်ရိုးမ သစ်တောကြိုးဝိုင်းအကွက် အမှတ် (၂) တွင် ဧပြီလ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က အစာရေစာပြတ်၍ တစ်နှစ်ခွဲအရွယ်ခန့်ရှိ တောဆင်ပေါက်အထီးတစ်ကောင် သေဆုံးနေကြောင်း တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမြင့်သူက ပြောကြားသည်။

အဆိုပါ သေဆုံးနေသောဆင်သည် အဖော်ကွဲ၍ တစ်ကောင်တည်း အော်ဟစ်သွားလာနေခြင်းဖြစ်ကြောင်း ကွမ်းသီးမြောင်ကျေးရွာ ဒေသခံများ၏ အဆိုအရသိရသည်။

သေဆုံးနေသော တောဆင်ပေါက်သည် လုံးပတ်လေးပေ အမြင့်သုံးပေနှင့် အလျားသုံးပေ သုံးလက်မရှိပြီး အသက်တစ်နှစ်ခွဲခန့်ရှိကြောင်း၊ သေဆုံးဆင်ကို မြေကျင်းတူးမီးရှို့ခဲ့ကြောင်း တောအုပ်ကြီး ဦးအောင်သိန်းက ပြောကြားသည်။

ဓာတ်ပုံ- သစ်တောဦးစီးဌာန

R-19



FOLLOW US