News

POST TAGGED AS

တိမ်းမှောက်

ဆိုင်ကယ်တိမ်းမှောက်၍ တိုင်းရဲတပ်ဖွဲမှုးရုံးမှ ရဲအရာရှိ ကွယ်လွန်
တောင်ငူ၊ မတ် ၂

ပဲခူတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲခန့်က နေအိမ်လိုင်းခန်းသို့ တစ်ဦးတည်း ဆိုင်ကယ်မောင်းနင်ပြီးပြန်လာစဉ် လမ်းဘေးအုတ်ခဲပုံကို တိုက်မိတိမ်းမှောက်ရာမှ သေဆုံးခဲ့သည်ဟု ပဲခူး အမှတ် ၃ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

"တာဝန်ချိန်ပြီးဆုံးလို့ လိုင်းခန်းကို ဆိုင်ကယ်နဲ့အပြန်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ရာနေရာမှာပဲသေဆုံးခဲ့တာပါ"ဟု ပဲခူးတိုင်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။ သေဆုံးသူမှာ ပဲခူးမြို့နယ် တိုင်းရဲတပ်ဖွဲ့မှုးရုံး မှုခင်းအကူဌာနစိတ်မှ အသက် ၅၃ နှစ်အရွယ် ရဲအုပ်အောင်စိုးဦးဖြစ်ပြီး အခင်းဖြစ်သည့်နေ့ နံနက် ၁ နာရီခွဲခန့်က ပဲခူးမြို့နယ် ဥသာမြို့သစ် ရပ်ကွက်ကြီး ၄ ရှိ ပဲခူးတိုင်းရဲတပ်ဖွဲမှုးရုံးမှနေအိမ်လိုင်းခန့်သို့ ဆိုင်ကယ်ကိုမောင်းနင်ကာ ဘုရင့်နောင်လမ်းမအတိုင်း ပြန်လာခဲ့စဉ် လမ်းဘေးအုတ်ပုံကို ဝင်တိုက်မိရာမှ နဖူးပေါက်ပြဲမျက်နှာ ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပဲခူးအမှတ် ၃ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး ပဲခူးအမှတ် ၂ နယ်မြေရဲစခန်းမှ သေဆုံးသူကို ယာဉ် (ပ) ၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15



FOLLOW US