News

POST TAGGED AS

တရုတ်

23-Dec-2017 tagged as တရုတ်
တရုတ်နိုင်ငံတွင် အိမ်ထောင်ရှင် ဇနီးမောင်နှံများအား ၎င်းတို့၏ သစ္စာမဲ့သူ အိမ်ထောင်ဖက်ကို တိတ်တိတ်ပုန်းချစ်သူနှင့် ခွဲပစ်ရန် ကူညီသည့်လုပ်ငန်းသစ်တစ်ခု ပေါ်ပေါက်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ယင်းလုပ်ငန်းကို အငယ်အနှောင်း မောင်းထုတ်ခြင်းဟုခေါ်ပြီး အလုပ်အပ်သူများက ၎င်းတို့မလိုလားသော ပြိုင်ဘက်အငယ်ကို ဖယ်ထုတ်ရန်အတွက် ဒေါ်လာသောင်းဂဏန်း ပေးချေကြရသည်။
14-Dec-2017 tagged as မြန်မာ တရုတ်
အကြောင်းအမျိုးမျိုးဖြင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံရသည့် မြန်မာနိုင်ငံသားများကို ရွှေလီရဲတပ်ဖွဲ့က ပြန်လည်လွှဲပြောင်းပေးရာတွင် ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ ယခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံသား ၁၀၄၃၀ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း မူဆယ်မြို့ရှိ၊ လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ အမှတ် ၇ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိန်က ပြောကြားသည်။
10-Dec-2017 tagged as တရုတ်
တံတားဦးမြို့နယ် မြင်းသည်ကျေးရွာရှိ ဖရဲစိုက်ခင်းတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား စိုက်ပျိုးရေးပညာရှင် ခုနစ်ဦးကို ဒီဇင်ဘာလ ၉ ရက်နေ့က လဝကဥပဒေဖြင့် ဖမ်းဆီးခဲ့ကြောင်း မန္တလေး တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
16-Nov-2017 tagged as တရုတ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသည့်ပုံစံမျိုး ဖြစ်မည့်အနရာယ်မှ ကာကွယ်နိုင်ရေးအတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်သွားသင့်သည်ဟု စည်းမျဉ်း စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (CCDI) ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူး ယန်ဇီယာဒူက သုံးသပ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။
တရုတ်နှင့် အမေရိကန်သည် အကျိုးစီးပွားများ တူညီကြသော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးကို ဂရုတစိုက် ကိုင်တွယ်ရန် လိုအပ်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဘေဂျင်းသို့ ထရမ့်မရောက်မီ ဗုဒ္ဓဟူးနေ့က ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
06-Nov-2017 tagged as တရုတ်
လက်ရှိ အနေအထားတွင် တရုတ်တို့၏ ဒရုန်းနည်းပညာက အလွန် မြင့်မားနေသောကြောင့် အမေရိကန် ပြည်ထောင်စုအနေနှင့် တရုတ်တို့ကိုယှဉ်ရန် မလွယ်သေးကြောင်း The National Interest သတင်းတွင် ဖော်ပြထားသည်။
25-Oct-2017 tagged as နည်းပညာ တရုတ်
တရုတ်အစိုးရသည် အသံနမူနာပေါင်းများစွာကို စုဆောင်းနေပြီး၊ အမျိုးသားအသံစုဆောင်းမှုအစီအစဉ်ဖြင့် ဒေတာဘေ့စ် တစ်ခုတည်ဆောက်ကာ ရုပ်ထောက်လှမ်းခြင်းသာမက၊ အသံကိုပါ ထောက်လှမ်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း Human Rights Watch အဖွဲ့၏ အစီရင်ခံစာကို Time သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှု များပြားသောကြောင့် ဖရဲသီးအရည်အသွေး ကျဆင်းကာ ယခင်သီတင်းပတ်ထက် တစ်တန်လျှင် ကျပ်ခြောက်သောင်းနီးပါး ဈေးကျသွားကြောင်း မူဆယ်ကုန်စည်ဒိုင်ထံမှ သိရသည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်ပိုင်သည်ဟု ကြေညာထားသော အငြင်းပွားကျွန်းများအနီးမှ အမေရိကန် ရေတပ်ဖျက် သင်္ဘောတစ်စင်း အောက်တိုဘာလ ၁၀ ရက်နေ့က ခုတ်မောင်းခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူသုံးဦးက Reuters သတင်းဌာနသို့ ပြောကြားသည်။
06-Oct-2017 tagged as တရုတ်
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က တရုတ်တပ်မတော်နှင့် ကာကွယ်ရေးဌာနများအား အဆင့်မြင့် နည်းပညာလက်နက်များ တီထွင်ထုတ်လုပ်ပြီး စွမ်းအားမြင့် တပ်မတော်ကြီးတစ်ခု ဖြစ်စေရေး ကြိုးပမ်းအားထုတ်ကြရန် အမိန့်ပေးထားကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။