News

POST TAGGED AS

တရုတ်

တရုတ်သမ္မတရှီကျင့်ဖျင် သက်တမ်း အကန့်အသတ်မရှိ သမ္မတရာထူး ဆက်လက်ရယူနိုင်ရေးအတွက် အခြေခံဥပဒေပြင်ဆင်ရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) က အဆိုပြုခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
16-Feb-2018 tagged as တရုတ် ဗြိတိန်
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနသည် ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်သို့ လာမည့်လတွင် ဗြိတိန်စစ်သင်္ဘောစေလွှတ်ရန် စီစဉ်ထားမှုမှာ ၎င်းတို့ရှိနေသေးကြောင်း လူသိစေရန်နှင့် လူစိတ်ဝင်စားခံရရန်ကြိုးပမ်းမှုသာဖြစ်ကြောင်း တရုတ်သတင်းစာတစ်စောင်က ဝေဖန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် တန်ဖိုးရှိ ရန်ကုန်ဘူတာကြီး ဖွံ့ဖြိုးရေးလုပ်ငန်းကြီးအား ဆောင်ရွက်ရန် မြန်မာနိုင်ငံမှ Min Dhama၊ တရုတ်နိုင်ငံမှ Sino Great Wal နှင့် စင်ကာပူတွင် စာရင်းသွင်းထားသည့် Oxley Holdings တို့ ကို ရွေးချယ်လိုက်ကြောင်း Oxley Holdings က သတင်းထုတ်ပြန်သည်။
ခရီးသည်တင်ယာဉ်လိုင်းအဖြစ် YBS ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်ခြင်းနှင့် ယာဉ်လိုင်းအသစ်များတွင် ထည့်သွင်းပြေးဆွဲရန် တရုတ်နိုင်ငံထုတ် ယာဉ်သစ် ၁၀၀၀ စီး အဆင်သင့်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အဖွဲ့ အကြီးတန်းအရာရှိက ပြောကြားသည်။
ရန်ကုန်တိုင်း လသာမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်၌ ကျင်းပမည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းအစိုးရက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပရေးအဖွဲ့ထံမှ သိရသည်။
တရုတ်နှစ်သစ်ကူးပွဲတော်ကာလ ရောက်ရှိတော့မည်ဖြစ်ရာ နိုင်ငံအတွင်း အထောက်အထားမပြည့်စုံဘဲ လာရောက်အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူမည်ဟု သတိပေးထားသည့်အတွက် အလုပ်ရှင်များက နေရပ်ပြန်ခိုင်းသည့် မြန်မာအလုပ်သမား ၂၀၀၀ ခန့်မှာ ယခုရက်ပိုင်းအတွင်း မူဆယ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မူဆယ်မြို့ရှိ ကရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောကြားသည်။
တရုတ်နိုင်ငံမှ ငယ်ရွယ်သူ ကလေးမိခင်တစ်ဦးသည် နေမကောင်းသော သမီးငယ်အတွက် ဆေးကုသစရိတ်ဖြေရှင်းရန် သူမ၏ မိခင်နို့ကိုလမ်းဘေးတွင် ရောင်းချနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတစ်လျှောက်တွင် တရုတ်ကုမ္ပဏီများက တစ်သျှူးငှက်ပျောစိုက်ပျိုးနေမှုကို ကန့်ကွက်ကြောင်း ယင်းဒေသခံ ၅၀၀ ခန့်က ဖေဖော်ဝါရီလ ၃ ရက်နေ့၌ မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
03-Feb-2018 tagged as တရုတ်
ရစ်ချတ်သည် JD.com ဆိုသည့် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး e-Commerce ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူတစ်ဦး ဖြစ်သည်။ ယခုအခါ သူသည် ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ကြွယ်ဝသည့် သူဌေးကြီးအဖြစ် ရပ်တည်နိုင်နေပြီဖြစ်သည်။ သူ့ထံတွင် ပြည်ပအဆက်အသွယ်များနှင့် မည်မျှအထိ ခြေလှမ်းထားသည်ကို မည်သူမှမသိနိုင်သည့် အနေအထားတွင်ရှိသည်။
စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖိတ်ခေါ်သည်။