News

POST TAGGED AS

တရားမဝင်

06-Sep-2018

သစ် တရားမဝင်
ခရီးသည်တင်ယာဉ်နှစ်စီးပေါ်မှ တရားမဝင်သစ်များ ပိုင်ရှင်မဲ့ဖမ်းမိ
လားရှိုး၊ စက်တင်ဘာ ၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီနှင့် ကွတ်ခိုင်မြို့အကြားရှိ ကာလုံလမ်းခွဲအနီးတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက မသင်္ကာဖွယ် ရပ်တန့်ထားသည် မှန်လုံခရီးသည်တင်ယာဉ်နှစ်စီးပေါ်မှ တရားမဝင်သစ်တန်ချိန် ၇ တန်ကျော်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ခရီးသည်တစ်ယောက်မှမပါဘဲ ယာဉ်မောင်း ယာဉ်နောက်လိုက်တို့လည်း အနားမှာမရှိဘဲ မော်တော်ယာဉ်နှစ်စီးပေါ်ကနေ တရားမဝင်တင်ဆောင်ထားတဲ့ သစ်တွေကိုတွေ့ရတာ စုစုပေါင်း ၇ ဒသမ ၁၇၁၆ တန်ကို သိမ်းဆည်းရမိပါတယ်”ဟု ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ သိမ်းဆည်းရမိသည့်ပိတောက်နှင့် တမလန်းသစ်များကို ကွတ်ခိုင်မြို့ရှိ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မူဆယ်ခရိုင်၊ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းအပိုင်းတွင် ခရီးသည်ပို့ဆောင်ရေးမှန်လုံယာဉ်များ၊ လိုင်စင်မဲ့ယာဉ်ငယ်များ အပြင်၂၂ ဘီး ကုန်တင်ယာဉ်များဖြင့်လည်းကောင်း၊ ဆီသယ်ယာဉ်များဖြင့်လည်းကောင်း သစ်များကို တရားမဝင်သယ် ဆောင်လျက်ရှိရာ သိန်းနီရေပူစစ်ဆေးရေးစခန်းနှင့် ပြည်ထောင်စုလမ်းပိုင်းတွင် မကြာခဏ ဖမ်းဆီးရမိမှုများရှိခဲ့သည်။

R-07



FOLLOW US