News

POST TAGGED AS

တက္ကသိုလ်

18-Sep-2018 tagged as တက္ကသိုလ်
ယခုနှစ်မှစပြီး တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခု ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူစာရင်းကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့ပြီး ဝင်ခွင့်ရသူများအနေနှင့် တစ်လအတွင်း (ကျောင်းအများစု)ကျောင်းအပ်ရမည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်များထံမှ သိရှိရသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားများ၊ မဟာတန်းကျောင်းသားများနှင့် ပါရဂူတန်းကျောင်းသားများ ဖန်တီးထားသည့် နည်းပညာဆိုင်ရာ ပရောဂျက် ၂၀ ကျော်ကို ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် အဆိုပါတက္ကသိုလ်၌ ပြသခဲ့သည်။
ပြည်မြို့တွင် တက္ကသိုလ်ကျောင်းသူတစ်ဦးသည် လက်ကောက်ပျောက်၍ မိဘဆူသဖြင့် ယနေ့ (စက်တင်ဘာ ၁၁ ရက်) နေ့လယ်ပိုင်းတွင် နဝဒေးတံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့ကြောင်း ယင်းတံတားရဲကင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည့်ကျောင်းတွင်း မိတ်ဆုံစားပွဲတစ်ခုတွင် လိင်အသားပေးကပြမှုဆန်ဆန် ကပြခဲ့သော အမျိုးသမီးစိတ်ပေါက်နေသူကျောင်းသားကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က သတိပေးထားကြောင်း ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။
ရန်ကုန်မြို့မှ တက္ကသိုလ်အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်မည့် စက်ရုပ်ပြိုင်ပွဲကိုြှုဃွှ ဏမေု တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသား များသမဂ္ဂထံမှ သိရှိရသည်။
ပြည်တက္ကသိုလ်ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ကျောင်းဝင်းအတွင်း ဆန္ဒပြမှုဦးဆောင်သော ကျောင်းသားမှအပြစ်ရှိကြောင်း ခံဝန်လက်မှတ်ထိုးစေရန် မိဘများပါ ဖိအားပေးခံနေရကြောင်း တရားစွဲခံထားရသည့် ကိုမြတ်မင်းထက်က ပြောကြားသည်။
စစ်တွေတက္ကသိုလ်၌ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ကြို/ပို့ ပြေးဆွဲနေကြသည့် ရိုးမသဇင် တက္ကသိုလ်ယာဉ်လိုင်းကို ပြေးဆွဲရန် အဆင်မပြေသဖြင့် ဩဂုတ်လ ၂၈ ရက်က ယာဉ်မောင်းသူများ ညှိနှိုင်းပြီး အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြသည်။
ချင်းပြည်နယ် ဟားခါးမြို့ နည်းပညာတက္ကသိုလ်၏ တိုးချဲ့ကျောင်းဆောင်များဆောက်လုပ်ရန် လျာထားသည့် မြေနေရာတွင် တရားလွှတ်တော်ရုံး တည်ဆောက်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေသည့်အပေါ် ကန့်ကွက်ကြောင်း ဟားခါးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဩဂုတ်လ ၂၇ ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပြည်တက္ကသိုလ် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့သူ တက္ကသိုလ်ကျောင်းသားကို ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်မြို့နယ်၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့် မလျှောက်ရသေးသူ များအနေနှင့် တက္ကသိုလ်အလိုက် ကျောင်းအပ်လက်ခံမည့် နောက်ဆုံးနေ့ (အများစုသည် ဒီဇင်ဘာလတတိယသီတင်းပတ်) အထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။