News

POST TAGGED AS

တက္ကသိုလ်ဝင်တန်း

ဝိဇ္ဇာဘာသာတွေက မြောင်းထဲရောက်တယ်ဆိုရင် သိပ္ပံဘာသာတွေကလည်း လူတောမတိုးနိုင်တဲ့အဆင့်ပါ။ ကမ္ဘာ့အဆင့်မီ မြန်မာပြည်သား ပညာရှင် လူငယ်လူလတ်ပိုင်းအချို့ဟာ နိုင်ငံတကာမှာ ရှိနေကြသေးတာဖြစ်လို့ ထိုပညာရှင်များ ပြန်လာနိုင်ဖို့ တိုင်းပြည်ထိပ်ပိုင်း တာဝန်ရှိသူများက ပညာရှင်များအား ဆွဲဆောင်တတ်ဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်းကို အလေးပေး ချဉ်းကပ်သင့်ပါတယ်။
မန္တလေးဗဟိုအကျဉ်းထောင်နှင့် အင်းစိန်ထောင်တို့မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အကျဉ်းသားများအနက် ပြစ်ဒဏ်ကျခံရန် တစ်နှစ်ဝန်းကျင်ကျန်ရှိသည့် ကျောင်းသားငါးဦးကို ဩဂုတ်လ ၁၈ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း အဆိုပါအကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်းမှ အထက်တန်းပြဆရာ၊ ဆရာမများကို ယခုနှစ် စတင်ပြောင်းလဲမည့် ဆယ်တန်းမေးခွန်း ပုံစံသစ်အကြောင်း ဘာသာရပ်အလိုက် စတင်သင်တန်းပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောကြားသည်။
တောင်ကြီးမြို့ပေါ်နှင့် မြို့နယ်အတွင်းမှ ကျူရှင်တက်ရန် ငွေကြေးအခက်အခဲရှိသော တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်စုံ အခမဲ့သင်ပေးမည်ဖြစ်ကြောင်း သင်တန်းဆရာဦးထက်အောင်က ပြောကြားသည်။
ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့်ရရှိသူများအနက် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးမှတ်နှင့်အထက်ရရှိပြီး စုစုပေါင်းရမှတ် ၄၃၀ နှင့်အထက် ရရှိသူများကို ပညာသင်ဆုပေးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော အကျဉ်းကျကျောင်းသားများက နိုင်ငံတော်မှလွတ်ငြိမ်းခွင့်ပေးရန်မျှော်လင့်နေကြောင်း အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဦးက ပြောကြားသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ အင်းစိန်အကျဉ်းထောင်မှ ဆယ်တန်းအောင် အကျဉ်းကျ ကျောင်းသား ၁၉ ဦးကို အကျဉ်းဦးစီးဌာနက ဇွန်လ ၁၆ ရက်တွင် ဂုဏ်ပြုမည်ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် ထောင်အရာရှိ ဦးရဲနောင်တင်မြင့်က ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၆ ရန်ကုန်နှင့်မန္တလေးရှိ တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်သော်လည်း ယင်းအနက် တက္ကသိုလ် ၉ ခု မှာဝင်ခွင့်အတွက် ရေးဖြေစစ်ဆေးမှုအပြင် လူတွေ့စစ်ဆေးမှုပါပြုလုပ်မည်မဟုတ်ဘဲ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ဖြင့်သာ ရွေးချယ်ကြမည်ဖြစ်သည်။
ယခုနှစ် မတ်လကစစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင် (ဆယ်တန်း) စာမေးပွဲ ဖြေဆိုသူများ၏ ရမှတ်စာရင်းများကို ဇွန်လ ၄ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရှိရသည်။
ယခုနှစ် မတ်လကစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပဲအောင်ချက် ယခင်နှစ်အောက်လျော့နည်းခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ အောင်စာရင်းအချက်အလက်များ နှိုင်းယှဉ်ချက်အရ သိရှိရသည်။