POST TAGGED AS

ဆိုင်ကယ်

05-Aug-2018

ပဲခူး ဆိုင်ကယ်
ရေတာရှည်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံး
တောင်ငူ၊ ဩဂုတ် ၎

ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်လမ်းပေါ်တွင် ဩဂုတ် ၃ ရက် နေ့ နံနက် ၉ နာရီခန့်က အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီးသေဆုံးခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းထံမှ သိရသည်။

ဆွာမြို့ ဂုံမင်းကွင်းကျေးရွာနေ ဦးစံမောင် (၄၅ နှစ်) မောင်းနှင်သည့် ဆိုင်ကယ်နောက်မှ ဒေါ်ခင်မာကြည် (၃၇ နှစ်) လိုက်ပါလာသည့် ဆိုင်ကယ်သည် သာဂရ - ကိုးပင်လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် ၅ အနီးသို့အရောက်တွင် ဒေါ်ခင်မာကြည် ပြုတ်ကျကာ ဦးခေါင်းကွဲအက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သာဂရနယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဆိုင်ကယ်မောင်းနှင်သူ ဦးစံမောင်ကို သာဂရနယ်မြေရဲစခန်းက ယာဉ် (ပ)/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် ဖမ်းဆီး အမှုဖွင့်လှစ်ထားကြောင်း အဆိုပါ နယ်မြေရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US