News

POST TAGGED AS

ဆိုင်ကယ်

ဆိုင်ကယ်ကို နောက်မှဝင်တိုက်ပြီး ထွက်ပြေးသည့် ဆီသယ်ကားယာဉ်မောင်းကို ဖမ်းမိ
မုံရွာ၊ ဖေဖော်ဝါရီ ၁၈

မုံရွာ - ရေဦးလမ်းပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာသော လူငယ်နှစ်ဦးကို နောက်မှဝင်တိုက်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည့် ဆီသယ်ကားမှ ယာဉ်မောင်းဖြစ်သူကို ချောင်ဦးမြို့နယ်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသေဆုံးခဲ့ပြီး နောက်မှလိုက်ပါလာသူတစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ 

ယင်းအမှုနှင့်ပတ်သက်၍ ဆီသယ်ကားယာဉ်မောင်းကို မြို့မရဲစခန်းတွင်ယာဉ် (ပ) ၁၁/ ၂၀၁၈၊ ၃၀၄ က/ ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါစခန်းထံမှ သိရသည်။

R-08



FOLLOW US