News

POST TAGGED AS

ဆိပ်ကမ်း

အကောက်ခွန်ဦးစီးဌာန၏ ရန်ကုန်ဆိပ်ကမ်းနှင့် မြဝတီနယ်စပ်တို့မှ Delivery Van ယာဉ်များထုတ်ယူခွင့် နောက်ဆုံးရက် ကျော်လွန်သွားသော်လည်း မထုတ်ယူရသေးသည့် ယာဉ်အစီးရေ ၇၅၀ ခန့် ကျန်ရှိကြောင်း ယင်းယာဉ်တင်သွင်းထားသူများထံမှ သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အစိုးရပိုင် ဆိပ်ကမ်းနှစ်ခုသာရှိပြီး သင်္ဘောတစ်စင်းတည်းသာ ဆိုက်ကပ်နိုင်သောကြောင့် ဆိပ်ကမ်းအသစ်များကို ရင်းနှီးမြှုပ်နှံမည့် သူများရှိပါက (PPP- Public–Private Partnership) စနစ်ဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးရန် ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းက တင်ပြထားကြောင်း ယင်းအသင်းထံမှ သိရသည်။
ရန်ကုန်ဆိပ်ကမ်းကို ရန်ကုန်မြစ်ဝထိပ်သို့ရွှေ့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း ပြည်ပသင်္ဘောကြီးများ ဝင်ထွက်နိုင်မည့် အကြီးစားဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရက တိုင်းလွှတ်တော်သို့ အဆိုပြုခဲ့သည်။
မြေယာအငြင်းပွားမှု ဖြစ်ပေါ်နေသော သီလဝါဆိပ်ကမ်းရှိ လယ်ဧက ၁၀၀ နှင့်ပတ်သက်၍ လယ်သမား ၁၀ ဦး၏ လယ်မြေပိုင်ဆိုင်မှု အထောက်အထား လယ်မြေခွန်ပြေစာများကို ကျောက်တန်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက လာရောက်စစ်ဆေးခဲ့ကြောင်း လယ်သမား ဦးသန်းဝင်းက ပြောကြားသည်။
သီလဝါဆိပ်ကမ်းတွင် ရဲဝန်ထမ်းများနှင့် တောင်သူများ ရုန်းရင်းဆန်ခက် ဖြစ်ပွားမှုတွင် ပါဝင်သူများကို ဆက်လက် ဖမ်းဆီးမည်ဖြစ်ကြောင်း သီလဝါရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။
ရန်ကုန်မြို့အတွင်းရှိ ငါးအတင်အချ ပြုလုပ်လျက်ရှိသည့် ဆိပ်ကမ်းများကို ဘေးပတ်ဝန်းကျင်များ ညှီနံ့ နံ၊ မနံနှင့် လူမှုဘဝထိခိုက်မှု ရှိ၊ မရှိကို လာမည့်မေလအတွင်း လေ့လာစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။
မန္တလေးတိုင်းအတွင်း ဆိပ်ကမ်းအသုံးပြုခ အခွန်ကောက်ခံနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောကြားသည်။
ရန်ကုန်မြစ်အတွင်း ဗိုလ်တထောင်မှ အင်းစိန်သို့ပြေးဆွဲနေသော ပထမဆုံး ရေကြောင်းဘတ်စ်အနေနှင့် ထပ်မံ၍ လှိုင်သာယာခရီးစဉ်အတွက် ဆိပ်ကမ်း ၁၃ ခုကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်ဆိပ်ကမ်းနယ်မြေ ဝါးတန်း မီးရထားကုန်ရုံဘူတာအတွင်း ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ကွန်တိန်နာယာဉ်၏ ရှေ့ခေါင်းခန်းမှ ဝါယာကြိုးအပူလွန်ကဲရာက စတင်မီးလောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။