News

POST TAGGED AS

ဆရာမကြီး

စစ်ပွဲများ၏ နောက်ကွယ်တွင် မမြင်သာသော ကုန်ကျဆုံးရှုံးမှုများ ရှိပါသည်။ ထိုအရာကား ပဋိပက္ခဇုန်များတွင်ရှိကြသည့် ပြည်သူများအပေါ် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုများဖြစ်သတည်း။ အမျိုးသမီးနှင့် ကလေးများကို ပိုပြီးထိခိုက်သည်။ သီရိလင်္ကာ ပြည်တွင်းစစ်အတွင်း ကလေးသုံးသောင်းခွဲ သေဆုံးခဲ့ရသည်။ ပဋိပက္ခဒေသများရှိ ကလေးငယ်လေးဦးတွင် တစ်ဦးသည် မိဘနှစ်ပါးလုံး သို့မဟုတ် တစ်ဦး ဆုံးရှုံးထားပြီးဖြစ်သည်။ ကလေးသုံးသိန်းခန့် နေရပ်ကို ရွှေ့ပြောင်းတိမ်းရှောင်ကြရသည်။ လူမှုပြန်လည် ကုစားထောက်ပံ့ရေး Psychosocial Support ကောင်းကောင်းမရှိသည့်အခါ ပြည်သူအကြားရှိနေသည့် စစ်ကြောင့်ဖြစ်သော စိတ်ဒဏ်ရာများက မကုသဘဲ ပစ်ထားသလို ဖြစ်နေခဲ့သည်။