News

POST TAGGED AS

စိုးရိမ်ရေအမှတ်

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးကောင်းသဖြင့် ချင်းတွင်းမြစ်ရေတက်လာရာ မုံရွာမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက ကျော်လွန်ရောက်ရှိခဲ့သည့်အတွက် ရေဘေးကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်း မိုးအားပိုနေခြင်းကြောင့် အဓိကမြစ်ကြီးအချို့တွင် မြစ်ရေများမြင့်တက်လျက်ရှိရာ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်သို့ နောက်နှစ်ရက်အတွင်း ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
လက်ရှိစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး မြန်မာနိုင်ငံ၏ အဓိကမြစ်များဖြစ်သည့် သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့တွင် မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိ၍ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။