News

POST TAGGED AS

စီမံကိန်း

ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် Urban Master Plan နှင့် စီမံကိန်းဒီဇိုင်းရေးဆွဲရန် စင်ကာပူကုမ္ပဏီ AECOM Singapore ကို ရွေးချယ်လိုက်ကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်းမြေပေါ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား- မြန်မာ စက်မှုဇုန်စီမံကိန်း (Industrial Complex) အတွက် ကိုရီးယားဘဏ် EXIM Bank of Korea ထံမှ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးငွေယူပြီး တည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း တစ်ရပ်ကို ရေးဆွဲထားကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။
မြန်မာ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးဆက်အောင်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၏အရွယ်အစားပမာဏကို တရုတ်ဘက်က လျှော့ချသွားတော့မည်ဖြစ်ပြီး အရွယ်အစားကို လျှော့ချခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုပမာဏကိုလည်း လျှော့ချမည်ဟု အသိပေးလိုက်ကြောင်း ANI သတင်းဌာနက ဩဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် သတင်းရေးသားဖော်ပြလိုက်သည်။
လျှပ်စစ်ဓာတ်အားခက များတဲ့အတွက် မြစ်ရေတင်လိုက်တိုင်း ဌာနက အရှုံးပေါ်ပြီး ကုန်ကျစရိတ် မတတ်နိုင်လို့ ဆိုပါတယ်။ ဒါကြောင့် မဖြစ်မနေ ရေတင်ရမယ်ဆိုရင်လည်း အချိန်ခဏပဲ ရေလွှတ်ပေးတာပါ။ ဒီအတွက် သတ်မှတ်ရေပေးဧရိယာအတိုင်းလည်း မပေးနိုင်ပါဘူး။ ဒီလိုအချိန်မှာ ရေသွယ်မြောင်းအတွက် ပြင်ဆင်စရိတ် တောင်းခံခဲ့တာ အံ့ဩမိတာ အမှန်ပါပဲ။ ပြည်သူ့ဘဏ္ဍာ လေလွင့်မှုလို့ ဆိုရမှာပါ။ ဒီဖြစ်စဉ်ဟာ အသေးအဖွဲဖြစ်စဉ်လေး တစ်ခုသာဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာတွေ လေလွင့်နေသမျှ ပြည်သူများကတော့ ခါးစည်းခံနေကြရဦးမှာပါ။
ပညာရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်ပိုင် တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးပိုင်း အားနည်းချက်များ ဖြစ်ပေါ်နေသော ဝန်ကြီးဌာနများကို ထိရောက်စွာ အရေးယူပေးရန် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ တင်ပြချက်ကို ထောက်ခံကြောင်း ဩဂုတ်လ ၂၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
မောင်းမကန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းအား ဆွေးနွေးအတည်ပြုရန်အတွက် တနင်္သာရီအစိုးရအဖွဲ့က တိုင်းလွှတ်တော်သို့ ပေးပို့ထားသည်မှာ ၅ လ ကျော်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရဘဏ္ဍာရေး၊အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ထမ်းဆောင်ရန် သင့်၊ မသင့်ကို ဇွန်လ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲ သုံးပုံ နှစ်ပုံ မပြည့်သည့်အတွက် ရှုံးနိမ့်သွားသည်။
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ လီမိတက် (NYDC) မှ ဒုဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Serge Pun (ခ) ဦးသိမ်းဝေက NYDC ကုမ္ပဏီတွင် ငါးနှစ် အလုပ်လုပ်ပေးမည်ဖြစ်ပြီး ယင်းလုပ်ကိုင်သည့် နှစ်အတွင်းတွင် လခမယူဘဲ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ ပထမဦးဆုံး ဆွေးနွေးပွဲ (Town Hall) ပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်၂၀၁၈ ခုနှစ်အထိ လူဦးရေ ခုနှစ်သန်းကျော်ရှိပြီး အိမ်ထောင်စု ကိုးသိန်းခန့်မှာ မြေအောက်ရေကို အဓိကသုံးစွဲခြင်းကြောင့် ရေအရည်အသွေး ကျဆင်းလာသည့်အတွက် မြစ်ရေတင်စီမံကိန်းများမှ ရေအရင်းအမြစ် အစားထိုးထုတ်ယူရန် စီစဉ်နေကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီမှ ရေအရင်းအမြစ် ထိန်းသိမ်းရေးပညာရှင် ဒေါက်တာခင်နီနီသိန်းက ပြောကြားသည်။