News

POST TAGGED AS

စည်ပင်သာယာရေး

စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီသည် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ချေးငွေဖြင့် အိမ်ထောင်စု ၅၀၀၀ ကျော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစတင်ကာ သောက်သုံးရေစတင်ဖြန့်ဖြူး ပေးလျက် ရှိသည်။
ပြင်ဆင်ရေးဆွဲထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေမူကြမ်းကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မန္တလေးမြို့လယ်တွင်ရှိနေပြီး တစ်ဖက်ပိတ်အနေအထားဖြစ်နေသည့် လမ်းကို စတင်ဖောက်လုပ်နိုင်ရန် မြို့တော်စည်ပင်က လမ်းအူကြောင်း ဖော်ဆောင်နေပြီဖြစ်သည်။
မန္တလေးမြို့ပေါ်ရှိ ပလက်ဖောင်းနှင့် ရေမြောင်းများပေါ် ကျူးကျော်ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များကို စီမံချက်ဖြင့် ဖယ်ရှားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၁၆၇ လမ်းအတွင်းရှိ လမ်းဘေးဈေးသည်များကို အများပိုင်နေရာတွင် ဈေးရောင်းချခြင်းမပြုလုပ်နိုင်ရန် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ပဲခူးမြို့နယ် ဇိုင်းတောင်ရပ်ကွက်အပါအဝင် ရပ်ကွက်ကြီးလေးခုခန့်ကို ဖြတ်သန်းစီးဆင်းနေသော ပဲခူးမြစ်ထဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက စည်ပင်သာယာရေး ဥပဒေဖြင့် အမှုဖွင့်ကာ အရေးယူမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်အောင်က ပြောကြားသည်။
အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်း စည်းကမ်းမဲ့ လူခေါ်ပွဲစားများနှင့် စည်းကမ်းမဲ့ အငှားယာဉ်များကို ရှင်းလင်းရာတွင် အားနည်းလျက်ရှိသဖြင့် တိုင်းအစိုးရကိုယ်တိုင်ကွပ်ကဲကာ စနစ်တကျဆောင်ရွက်မှသာလျှင် ပပျောက်နိုင်မည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းပိုင်ရှင်အချို့နှင့် ခရီးသည်များက ဝေဖန်အကြံပြု ပြောကြားသည်။
ဗန်းမော်မြို့နယ် စည်ပင်သာယာအဖွဲ့ရုံးတွင် ယခုလ ဇန်နဝါရီ ၁၈ ရက်နေ့က ကြက်ပေါင်ခြံသုသာန် သင်္ဂြိုလ်ခြင်းနှင့်ပတ်သက်ပြီး ဘာသာပေါင်းစုံ သင်္ချိုင်းမြေ ကြီးကြပ်မှုကော်မတီအဖွဲ့က နားလည်မှုလွဲမှားခြင်းကို စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိမှ ထပ်မံတွေ့ဆုံရှင်းလင်းမှု ပြုလုပ်ခဲ့ရာတွင် ဆွေးနွေးမှုအောင်မြင်ခဲ့ကြောင်း အဆိုပါစည်ပင်သာယာအဖွဲ့ထံမှ သိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်းရှိ မြို့နယ်အချို့၌ ဆိုင်ကယ်တွင် အနှေးယာဉ်ဘေးတွဲတပ်ဆင်ကာ မောင်းနှင်ပြေးဆွဲနေမှုများကို ဖမ်းဆီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲရေးမဟာဗျူဟာပါ စီမံချက်များကို ယခုနှစ်အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ သန့်ရှင်းလှပသည့် မြို့တော်တစ်ခု တည်ထောင်ပေးခဲ့ရန်လိုကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းပြောကြားလိုက်သည်။