News

POST TAGGED AS

စစ်တောင်း

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိခဲ့သော စစ်တောင်းမြစ်ရေမှာယနေ့ နံနက်တွင် အနည်းငယ် ပြန်လည်ကျဆင်းခဲ့သည်ဟု တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
06-Sep-2018 tagged as စစ်တောင်း
ပြန်လည်ကျဆင်းခဲ့သော ပဲခူးတိုင်း တောင်ငူမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေသည် စက်တင်ဘာလ ၅ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပြန်လည်ရောက်ရှိလာသည့်အတွက် ယင်းဒေသခံများ နီးစပ်သည့် ရေလွတ်ရာနေရာများသို့ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ပဲခူးတိုင်း ဖြူးမြို့နယ် အုတ်ဖြတ် ကျေးရွာနှင့် ကျောက်ကြီးမြို့နယ် မုန်းမြို့အနီးတွင် တည်ဆောက်နေသည့် စစ်တောင်းမြစ်ကူးတံတား စီမံကိန်းအတွက် မြေယာနစ်နာကြေး ကျပ်သိန်း ၅၀၀ ခန့်သာပေးမည်ဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းလွင်က ပြောကြားသည်။
ပဲခူးတိုင်း သနပ်ပင်နှင့် ကဝမြို့နယ်များရှိ စစ်တောင်းမြစ်ကမ်းပါး ပြိုကျပျက်စီးမှုကြောင့် ရွှေ့ပြောင်း နေထိုင်နေရသူများကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းညှိနှိုင်းပြီး မြေနေရာချထားပေးရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကန်တော်ကျေးရွာရှိ စစ်တောင်းမြစ်ကမ်းပါးနှင့် နီးကပ်နေသည့် လူနေအိမ်ခြေ အလုံး ၃၀ ခန့်သည် မတ်လ တတိယပတ်ခန့်မှစတင်ပြီး မြစ်ကမ်းပါးပြိုကျမှုများကြောင့် အရေးပေါ်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။