News

POST TAGGED AS

စင်ကာပူ

မြန်မာအိမ်အကူ အမျိုးသမီးငယ် စင်ကာပူတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းသည် ရေခဲတောင်ကြီး၏ ထိပ်စွန်းသာဖြစ်ပြီး ယင်းဖြစ်ရပ်က မြန်မာတစ်နိုင်ငံလုံး၏ အခြေအနေကို လှစ်ဟပြသည်။ ယင်းအခြေအနေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှသာ အိမ်အကူများ အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားများစွာ၏ ဘဝကို ကယ်တင်နိုင်မည်။
စင်ကာပူနိုင်ငံတွင် လာမည့် ၂၀၂၀ ပြည့်နှစ်၌ တက္ကသိုလ်သို့ လူလေးဦးတွင် တစ်ဦး လာရောက်တက်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် တက္ကသိုလ်ဆိုသည်မှာ ဘွဲ့ယူရန်သက်သက် လာရောက်ရမည့် နေရာလောဆိုသည်ကို ဆန်းစစ်ရန် လိုအပ်လာပြီဖြစ်သည်။
စင်ကာပူအခြေစိုက် စွမ်းအင်သိုလှောင် ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ Puma Energy နှင့် ပြည်တွင်း ကုမ္ပဏီ Asia Sun Energy (ASE) တို့ အကျိုးတူ ပူးပေါင်းပြီး သီလဝါဆိပ်ကမ်းတွင် လောင်စာဆီ သိုလှောင်စခန်း တည်ဆောက်လိုက်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
စင်ကာပူ၏ အောင်မြင်မှု ဇာတ်လမ်းသည် ခေါင်းဆောင်မှု အောင်မြင်ခြင်း ဇာတ်လမ်း Leadership Success Story ဟု ဆိုသော် မှားအံ့မထင်။ စင်ကာပူ စတင်တည်ထောင်သူ လီကွမ်ယုနှင့်အဖွဲ့ စတင်မောင်းနှင်ခဲ့သော ခေါင်းဆောင်မှုသည် စင်ကာပူ၏ အောင်မြင်မှုကို မျိုးစေ့ချပေးနိုင်သည်။ တစ်ဖန် စင်ကာပူ၏ ခေါင်းဆောင်မှုသည် ကောက်ရိုးမီးမဟုတ်၊ ခေါင်းဆောင်သစ်များ အဆင့်ဆင့် တက်လာနိုင်အောင် ခေါင်းဆောင်မှု လက်ဆင့်ကမ်းသွားနိုင်ခြင်း၊ တစ်နည်း ခေါင်းဆောင်မှု institution ဆောက်လိုက်နိုင်သည်။
29-Jan-2017 tagged as စင်ကာပူ
‘ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုကို သင်လုပ်နေပြီဆို နာကျင်မှုဆိုတဲ့ အရာအကြောင်းကို စဉ်းစားဖို့အတွက် ခင်ဗျားမှာ အချိန်မရှိပါဘူး’ ဟု စင်ကာပူသားကြီး မစ္စတာ အွန်ကင်ချွမ်းက ပြောကြားပါတယ်။
24-Dec-2016 tagged as စင်ကာပူ
ခရစ္စမတ်အကြိုနေ့ ဖြစ်တဲ့ ယနေ့မှာ စင်္ကာပူနိုင်ငံရဲ့ နေရာအတော်များများမှာ လမ်းမတွေထက် ရေလျှံမှုတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။
09-Dec-2016 tagged as စင်ကာပူ
နိုင်ငံစီးပွားရေး တိုးတက်ရန် ပေါ်လစီအားနည်းလျှင် ပေါ်လစီပိုင်းကို ပြုပြင်ပေးရမည်။ လုပ်အားအင်အားစုများ ချွတ်ယွင်းနေလျှင် အင်အားစုများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရမည် စသည့် စဉ်းစားပုံ ဖြစ်သည်။
မြန်မာနိုင်ငံသားများ စိတ်ဓာတ်တက်ကြွပြီး နိုင်ငံအတွက် ကြိုးစားချင်စိတ် ရှိလာအောင် ရည်မှန်းချက်တစ်ရပ် ချပေးလိုက်ခြင်း ဖြစ်သည်။ စင်စစ် စင်ကာပူကို မျိုးဆက်တစ်ဆက်အတွင်း လိုက်မီရန်သည် မလွယ်ပါ။ အလွန့်အလွန် အားသွန်ခွန်စိုက် ကြိုးစားလျှင် မြန်မာလူဦးရေသည် စင်ကာပူ၏ ဆယ်ဆရှိသည့်အတွက် စင်ကာပူ တစ်ဦးချင်း ဝင်ငွေ၏ ဆယ်ပုံတစ်ပုံရှိလျှင် တစ်နိုင်ငံလုံး စုစုပေါင်း ဝင်ငွေအရ လိုက်မီကောင်းမီနိုင်မည် ဖြစ်သော်လည်း စင်ကာပူ နိုင်ငံသားတို့ လက်ရှိခံစားနေသော လူနေမှု အဆင့်အတန်းကို မီရန်မူ မလွယ်ပါ။
စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဒီဇင်ဘာ ၁ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါလျက် စင်ကာပူနိုင်ငံ၏ အကျင့်ပျက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာန (Corrupt Practices Investigation Bureau-CPIB) သို့ သွားရောက်လေ့လာခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနထံမှ သိရသည်။