News

POST TAGGED AS

စက်မှုဇုန်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်းမြေပေါ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား- မြန်မာ စက်မှုဇုန်စီမံကိန်း (Industrial Complex) အတွက် ကိုရီးယားဘဏ် EXIM Bank of Korea ထံမှ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးငွေယူပြီး တည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
မကွေးတိုင်း မကွေးမြို့တွင် စက်မှုဇုန်တစ်ခုတည်ဆောက်ပေးရန် ယင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိန်အေးအောင်က ပြောကြားသည်။
မန္တလေးမြို့တော်ရှိ စက်မှုဇုန်တွင် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဩဂုတ်လတွင် ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံလျှပ်စစ်ပညာရပ်များ အခမဲ့သင်ပေးမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးအဖွဲ့မှူး ဦးနိုင်ဦးက ပြောကြားသည်။
ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်းရှိ အင်ပါယာတစ်ရှူးစက်ရုံမှ အလုပ်သမားများသည် စက်ရုံဘက်မှ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း၊ အီးစီစာချုပ်ပါအချက်များကို ဖောက်ဖျက်ခြင်းများ ရှိနေသည်ဟုဆိုကာ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းကစ၍ စက်ရုံအတွင်း ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
မန္တလေးစက်မှုဇုန်ရှိ Ve Ve အချိုရည်စက်ရုံ၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဝန်ချီစက်ကြိုးပြတ်ကျသဖြင့် အမျိုးသမီး လုပ်သားရှစ်ဦး ဒဏ်ရာရရှိခဲ့ရာ ယင်းတို့အနက် ငါးဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံကြီး၌ ဆေးကုသမှု ခံနေရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၁ ခုတွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီရင်ခံစာကို တိုင်းအစိုးရက ဇွန်လ ၅ ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
စက်မှုဇုန်များအတွင်းရှိ အသုံးမပြုဘဲ ချန်ထားသည့် မြေလွတ်များကို အကောင်အထည်ဖော်ရန် ၂ နှစ်နီးပါးအချိန်ပေးထားပြီး ယင်းအချိန်ကျော်လွန်ပါက ရန်ကုန်တိုင်းအစိုးရအနေနှင့် မြေပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
25-Apr-2018 tagged as စက်မှုဇုန်
ကိုရီးယားနိုင်ငံက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးရှိ ညောင်နှစ်ပင်တွင် စက်မှုဇုန်တစ်ခု တည်ထောင်ရန် ကမ်းလှမ်းမှုများရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
အမရပူရမြို့နယ်အတွင်းရှိ စက်မှုဇုန်ရေဆိုးသန့်စင်စက်ရုံကို ဒီဇိုင်းအသစ်နည်းပညာအသစ်တို့ဖြင့် ပြောင်းလဲဆောက်လုပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။
ရွှေပြည်သာ ဇုန် (၁)၊ သာဓုကန်နှင့် ဝါးတစ်ရာစက်မှုဇုန်များရှိ ရေဆိုးထွက်သည့် စက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်သည့်အတွက် ရေဆိုးသန့်စင်စက်ရုံတစ်ခု တည်ဆောက်ပြီး လာမည့်မတ်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ရွှေပြည်သာ ဇုန် (၁) ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။