News

POST TAGGED AS

ဂျာမန်

26-Aug-2018

ဂျာမန် နာဇီ
အော့စဝစ်ခ်ျသည် ကမ္ဘာတွင် ကြောက်စရာအကောင်းဆုံးနေရာဟု ဂျာမန်ဝန်ကြီးပြောကြား


ဘာလင်၊ ဩဂုတ် ၂၃

နာဇီဂျာမနီခေတ်က သိမ်းပိုက်ခံ ပိုလန်နိုင်ငံတွင် လူပေါင်းတစ်သန်းကျော် အသတ်ခံခဲ့ရသည့်နေရာဖြစ်သော အော့ဝစ်ခ်ျအကျဉ်းစခန်းသို့ ရောက်ရှိလာသည့် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမာ့စ်က လူ့ဂုဏ်သိက္ခာကို လေးစားကြရန် လိုအပ်ကြောင်းနှင့် ဂျာမနီနိုင်ငံ၏ တာဝန်ရှိမှုသည် ဘယ်တော့မှ အဆုံးသတ်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဧည့်သည်မှတ်တမ်းစာအုပ်တွင် လက်မှတ်ထိုးသော ဟိုက်ကိုမာ့စ်က “အော့စဝစ်ခ်ျလို့ခေါ်တဲ့ ဂျာမန်တွေရဲ့ လက်ရာဟာ ကမ္ဘာပေါ်က ငရဲဘုံပါ။ ဂျာမနီရဲ့ တာဝန်ရှိမှုဟာ ဘယ်တော့မှ ပြီးဆုံးမည်မဟုတ်ပါ” ဟု ရေးသားခဲ့သည်။

၁၉၉၂ နောက်ပိုင်း အော့စဝစ်ခ်ျသို့ လက်ရှိဂျာမန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး လာရောက်ခြင်းသည် ယခုပထမဆုံးအကြိမ် ဖြစ်သည်။

“ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ် အကောင်းဆုံးနေရာပါ။ လူသားဆိုတဲ့ ယုံကြည်မှုကို အဆုံးခံမလား။ လူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အားအင်တွေ ဖြည့်ဆည်းမလား။ ခင်ဗျားဆုံးဖြတ်ရမှာပါ”

“ဓာတ်ငွေ့ခန်းထဲကို မဝင်ခင် ကလေးတွေ ချွတ်ထားခဲ့တဲ့ ဖိနပ်တွေ၊ လူတွေဆီကရတဲ့ တန်ချိန်နဲ့ချီတဲ့ ဆံပင်တွေကို ကျွန်တော်တွေ့ခဲ့ရတယ်” ဟု ဟိုက်ကိုမာ့စ်က ပြောကြားသည်။

ပိုလန်တောင်ပိုင်း အော့စဝီစင်မ်မြို့ရှိ အကျဉ်းစခန်းဟောင်းသို့ ရောက်ရှိလာသူ ဟိုက်ကိုမာ့စ်က အော့စဝစ်ခ်ျအဖြစ်ဆိုးသည် ၎င်းနိုင်ငံရေးနယ်ပယ်သို့ ဝင်လာရခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ပြောကြားသွားသည်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ အုပ်ချုပ်ခဲ့သော အော့စဝစ်ခ်ျ အကျဉ်းစခန်းတွင် ဂျူးလူမျိုးသိန်းဂဏန်း၊ ဂျူးမဟုတ် သော ပိုလန် ၈၀ယဝ၀၀၊ ဂျစ်ပဆီ ၂၅ယဝ၀၀ နှင့် ရုရှားစစ်သား ၂၀ယဝ၀၀ ခန့် သေခြင်း တရားကို ကြုံတွေ့ခဲ့ရသည်။

အော့စဝစ်ခ်ျစခန်းကို ၁၉၄၅ ဇန်နဝါရီ ၂၇ ရက်တွင် ဆိုဗီယက်တပ်နီများက တိုက်ခိုက်သိမ်းပိုက်ကာ စခန်းကိုဖျက်သိမ်းခဲ့သည်။

F-04



FOLLOW US