News

POST TAGGED AS

ဂျာမနီ

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ W.M. Blumenthal Academy ဂျူးပြတိုက်တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်ခြင်း အမည်ရှိ (The Berlin Conference on Myanmar Genocide) ညီလာခံသို့ တက်ရောက်ခွင့်မရခဲ့မှုအပေါ် မြန်မာအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ပြန်ရှင်းလင်းလိုက်သည်။
24-Feb-2018 tagged as ဂျာမနီ Scholarships
Heinrich Boll ဖောင်ဒေးရှင်းက ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Masters/ Ph.D Degree ဖြစ်သည်။ နှစ်စဉ် မတ်လ ၁ ရက်နေ့တွင် လျှောက်လွှာပိတ်ပါသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအချို့ကို ပြုပြင်ထိန်းသိမ်းရန် ယူရိုတစ်သိန်းသုံးသောင်းကျော် ဂျာမနီနိုင်ငံကထောက်ပံ့ပေးထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။
ဂျာမန် ဆိုရှယ်ဒီမိုကရက်ပါတီ SPD ခေါင်းဆောင် မာတင်ရှုလ်ဇ်သည် အဓိပတိမာကယ်လ်၏ ကွန်ဆာဗေးတစ်အစုနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ပြီးနောက် ပါတီအပေါ် ရိုက်ခတ်လာသည့် မငြိမ်သက်မှုများ အဆုံးသတ်စေရန် အင်္ဂါနေ့က နုတ်ထွက်ပေးလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
13-Feb-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမန်ညွန့်ပေါင်းအစိုးရအဖွဲ့၏ ဝန်ကြီးအဆင့် ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ရန် ဂျာမနီအဓိပတိ အင်ဂျလာမာကယ်လ်က ၎င်း၏ပါတီမှ အသက်အရွယ်ငယ်သူ ပါတီဝင်များကို တိုက်တွန်းပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
12-Feb-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီအဓိပတိ မာကယ်လ်၏ ကွန်ဆာဗေးတစ်ဝါဒီ ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံ (CDU) နှင့် ဆိုရှယ်ဒီမိုကရက် (SPU) တို့အကြား ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး သဘောတူညီချက်တွင် ပါဝင်သော စီမံကိန်းအချို့ကို ပိတ်ဆို့ဟန့်တားသွားမည်ဖြစ်ကြောင်း မာကယ်လ်၏ပါတီတွင်းမှ စီးပွားရေးလုပ်ငန်းများဆိုင်ရာ အင်အားစုများက ဖေဖော်ဝါရီလ ၁၀ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ညွန့်ပေါင်းအစိုးရသစ် မပေါ်ထွက်လာမီကပင် နှစ်ပါတီအကြား တင်းမာမှုမြင့်တက်လာခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ရွေးကောက်ပွဲ ပြီးဆုံးသွားပြီးနောက် လအတန်ကြာမြင့်အောင် နှောင့်နှေးခဲ့ရသည့် ဂျာမန်ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည့် ကိစ္စနှင့်ပတ်သက်၍ ဂျာမန်လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက် (SPD) နှင့် အဓိပတိမာကယ်လ်၏ ကွန်ဆာဗေးတစ် (CDU/CSU) တို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံသည် ဘာလင်မြို့အခြေစိုက် သံရုံးမှတစ်ဆင့် နျူကလီးယားနှင့် လက်နက်အစီအစဉ်များ ရရှိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ဂျာမန်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
၂၀၁၇ ခုနှစ်အတွင်းက ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ပန်းခြံတစ်ခုတွင် လမ်းလျှောက်နေရင်း ပြန်ပေးဆွဲအဖမ်းခံလိုက်ရသော ဗီယက်နမ်လုပ်ငန်းရှင် မစ္စတာ တင်ရွှမ်သန်းသ်ကို ယခုအခါ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တရားရုံးတွင် ရုံးထုတ်လျက် ပြန်မြင်ရပြီဖြစ်ကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
15-Jan-2018 tagged as အစိုးရ ဂျာမနီ
ဂျာမနီအဓိပတိ မာကယ်လ်၏ ကွန်ဆာဗေးတစ်ဝါဒီ ခရစ်ယာန်ဒီမိုကရက်များသည် ဒုတိယအင်အားအကောင်းဆုံးဖြစ်သည့် ဆိုရှယ်ဒီမိုကရက်များနှင့် ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ရန် သဘောတူညီနိုင်ခဲ့ပြီဖြစ်သည်ဟု မာကယ်လ်၏ ကြေညာချက် ကိုကိုးကား၍ AFP က ဖော်ပြသည်။