News

POST TAGGED AS

ဂျာမနီ

14-Mar-2018 tagged as ဆန္ဒပြ ဂျာမနီ
ဂျာမနီနိုင်ငံတွင် တူရကီဗလီနှင့် ပစ်မှတ်များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဥရောပရှိ လမ်းများကို ပြာပုံဖြစ်အောင်လုပ်ပစ်မည်ဟု ဂျာမနီမှ လက်ဝဲယိမ်းကာ့ဒ်လူငယ်အုပ်စုက ကြိမ်းဝါးနေကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီတွင် မွတ်ဆလင်များ ဝတ်ပြုသည့်နေရာများနှင့် ဗလီများကို ပိုမိုကာကွယ်ပေးရန် တူရကီ အစ္စလာမ်အုပ်စု DITIB က ဂျာမန်အာဏာပိုင်များကို တောင်းဆိုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ယနေ့ကာလတွင် ပင်လယ်ပြင်၌ ပြာကိုရေမျှောသင်္ဂြိုဟ်ခြင်းကို သဘောကျသည့် ဂျာမန်များ ပိုများလာသည်ဟု ဂျာမနီ သုဘရာဇာအသင်းက ပြောကြားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံ ဘာလင်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ၁၀,၀၀၀ ခန့် ပါဝင်တက်ရောက်ကြသော ခရီးသွားလုပ်ငန်းပြပွဲကို ဖွင့်လှစ်လိုက်ပြီး ခရီးသွားလာခွင့်ပိတ်ပင်မှုများ၊ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုများ၊ နိုင်ငံရေး မငြိမ်သက်မှုများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့် အားလပ်ရက်ခရီးသွားလုပ်ငန်း စီစဉ်သူများကို မဟန့်တားနိုင်ခဲ့ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
06-Mar-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီတွင် ညွှန့်ပေါင်းအစိုးရဖွဲ့ရေးအတွက် ဆိုရှယ်ဒီမိုကရက် SPD ပါတီအတွင်း မဲခွဲရာတွင် သဘောတူထောက်ခံမှု ရရှိခဲ့သောကြောင့် အဓိပတိ မာကယ်လ်သည် စတုတ္ထမြောက်သက်တမ်းကို တာဝန်ယူတော့မည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
05-Mar-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ် ပါတီ (SPD) ပါတီဝင်များက အဓိပတိမာကယ်လ်၏ ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံ (CDU/CSU) နှင့် ညွန့်ပေါင်းဖွဲ့ရန် မဲခွဲအတည်ပြုလိုက်ခြင်းကြောင့် လနှင့်ချီ ကြာမြင့်သည့် နိုင်ငံရေးလိပ်ခဲတည်းလည်း အခြေအနေ အဆုံးသတ်သွားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့် တနင်္လာနေ့ညက ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ရွာတစ်ရွာဖြစ်သော ဘာ့ဂ်တွင် နာဇီခေတ် ခေါင်းလောင်းဟောင်းကြီးကို ဘုရားကျောင်းတွင် ဆက်လက်ပြီး ချိတ်ဆွဲထားရေးနှင့် ပတ်သက်၍ ချိတ်၊ မချိတ် မဲခွဲဆုံးဖြတ်ကြရာ ဆက်လက်ချိတ်ဆွဲထားမည့်ဘက်က ၁၀ မဲ ၃ မဲဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြထားသည်။
28-Feb-2018 tagged as ဂျာမနီ အဓိပတိ
အဓိပတိမာကယ်လ်၏ CDU ပါတီသည် ဆိုရှယ်ဒီမိုကရက်များနှင့် လက်တွဲ၍ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရန် မီးစိမ်းပြလိုက်ပြီဟု DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ W.M. Blumenthal Academy ဂျူးပြတိုက်တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်ခြင်း အမည်ရှိ (The Berlin Conference on Myanmar Genocide) ညီလာခံသို့ တက်ရောက်ခွင့်မရခဲ့မှုအပေါ် မြန်မာအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ပြန်ရှင်းလင်းလိုက်သည်။
24-Feb-2018 tagged as ဂျာမနီ Scholarships
Heinrich Boll ဖောင်ဒေးရှင်းက ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Masters/ Ph.D Degree ဖြစ်သည်။ နှစ်စဉ် မတ်လ ၁ ရက်နေ့တွင် လျှောက်လွှာပိတ်ပါသည်။