News

POST TAGGED AS

ဂျာမနီ

08-Jul-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒပြဿနာများကြောင့် အဓိပတိအင်ဂလာမာကယ်လ် ဦးဆောင်သော အစိုးရအဖွဲ့၏ လူကြိုက်များ ရေပန်းစားမှုမှာ တဖြည်းဖြည်းချင်း မှေးမှိန်လျော့ကျလျက်ရှိကြောင်း ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်သော လူထုစစ်တမ်းတစ်ရပ်ကို DW သတင်းဌာနက ကိုးကားဖော်ပြသည်။
ဂျာမနီရှိတပ်ဖွဲ့များ ရုပ်သိမ်းရွှေ့ပြောင်းရေးကို အမေရိကန်က ထုတ်ဖော်လိုက်ခြင်းသည် ဇူလိုင်လ နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီ ညှိနှိုင်းသည့် ပရိယာယ်ဖြစ်နေသလားဆိုသည်ကို ဥရောပတာဝန်ရှိသူများက အဖြေထုတ်ရန် ကြိုးစားနေသည်ဟု DW သတင်းတွင်ဖော်ပြထားသည်။
ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုအပေါ် ကိုင်တွယ်ပုံနည်းမကျသဖြင့် ဂျာမနီခေါင်းဆောင်များ လူထုထောက်ခံမှုဆုံးရှုံးခဲ့ရဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း DW သတင်းဌာနကဖော်ပြသည်။
ဂျာမနီ၏ ထိပ်တန်းမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Audi ၏ အမှုဆောင်အရာရှိချုပ်ကို ဒီဇယ်အင်ဂျင် မီးခိုးထုတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
စနေနေ့က သတင်းစာနှစ်စောင်တွင် ပါရှိခဲ့သော ဩစတြီးယားပိုင်နက်အတွင်း နိုင်ငံရေးသမားများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို ဂျာမန်သူလျှိုများက စနစ်တကျ လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟူသော ကိစ္စများကို အပြည့်အဝ ရှင်းလင်းချက်ပေးရန် ဩစတြီးယားက ဂျာမနီကိုတောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော ၂ နှစ်သက်တမ်းအဖွဲ့ဝင်နေရာအတွက် ဂျာမနီနိုင်ငံကို ရွေးချယ်တင်မြှောက်လိုက်ပြီး ကျန်အဖွဲ့ဝင်နေရာများကို ဘယ်လ်ဂျီယံ၊ တောင်အာဖရိက၊ ဒိုမီနီကန်ရီပတ်ဘလစ်နှင့် အင်ဒိုနီးရှားတို့က ရရှိကြမည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
28-May-2018 tagged as ဂျာမနီ
ဂျာမနီနိုင်ငံ၏ မြို့တော်ဘာလင်တွင် ယမန်နေ့က လက်ယာစွန်းရောက် AfD ပါတီကို ထောက်ခံသူ ၅၀၀၀ ခန့်က ချီတက်လမ်းလျှောက်ကြရာ ယင်း AfD ကို ဆန့်ကျင်သည့် အင်အားစုများက တန်ပြန်ချီတက် ဆန္ဒထုတ်ဖော်
28-May-2018 tagged as ဂျာမနီ အိမ်ရာ
ဂျာမနီတွင် လူနေအိမ်ခန်း ၁ ဒသမ ၅ သန်းခန့် အပိုဆောက်လုပ်ရမည်ဟု အဓိပတိမာကယ်လ်က ပြောကြားလိုက်ကြောင်း DW သတင်းတွင်ဖော်ပြထားသည်။
20-May-2018 tagged as ရုရှား ဂျာမနီ
ဂျာမနီခေါင်းဆောင် မာကယ်လ်သည် ရုရှားသမ္မတပူတင်နှင့် သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံတွင် ရာဇဝတ်မှုဖြစ်ပွားနှုန်း ကိန်းဂဏန်းများကို ပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။