News

POST TAGGED AS

ဂျာမနီ

လူသေစေသည်အထိ ဖြစ်ပွားခဲ့သော ဓားထိုးမှုကျူးလွန်ခဲ့ခြင်းကြောင့် အီရတ်နိုင်ငံသား တစ်ဦးနှင့် ဆီးရီးယား နိုင်ငံသားတစ်ဦး အဖမ်းခံခဲ့ရပြီး ရုန်းရင်းဆန်ခတ်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီ နိုင်ငံ အရှေ့ဘက်ရှိ ချမ်းနစ်ဇ်မြို့တွင် လက်ယာစွန်းဆန္ဒပြသူများနှင့် လက်ဝဲဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားခဲ့သည်ဟု Reuters သတင်းဌာနတွင် ဖော်ပြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးမျိုးစေ့ ဖွံ့ဖြိုးရေးစီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီအခြေစိုက် Welt Hunger Hilfe (WHH) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (Partner Agreement) သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
16-Aug-2018 tagged as မြို့ ဂျာမနီ
ကမ္ဘာ့အနေပျော်ဆုံးမြို့တော် ၃၀ စာရင်းကို Economist Intelligence Unit (EIU) က အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့ရာ ဂျာမနီမှ ဖရန့်ဖွတ်၊ ဟမ်းဘတ်၊ ဘာလင်၊ မြူးနစ်နှင့် ဒူဆယ်ဒေါ့ဖ် ၅ မြို့ ပါဝင်လာသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီစီးပွားရေးဝန်ကြီး ပီတာအယ်လ်မေယာက အမေရိကန်သမ္မတ ထရမ့်၏ အခွန်ချမှတ်မှုနှင့် အရေးယူပိတ်ဆို့မှုများသည် အလုပ်အကိုင်နှင့် ဖွံ့ဖြိုးမှုကို ဖျက်ဆီးနေသည်ဟု ပြစ်တင်ဝေဖန်လိုက်ပြီး အီရန်ကိစ္စနှင့်ပတ်သက်၍ ဖိအားပေးမှုကို ဥရောပကအလျှော့ပေးမည် မဟုတ်ဟုပြော ဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
09-Aug-2018 tagged as ဂျာမနီ မိခင်
ဂျာမနီနိုင်ငံတွင် အရွယ်မရောက်သေးသူအား လိင်ဆက်ဆံလိုသူတစ်ဦးထံ ၁၀ နှစ်အရွယ် သားဖြစ်သူကို ပြည့်တန်ဆာအဖြစ် ငွေကြေးရယူကာပို့ဆောင်ခဲ့သည့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးကို အနောက်တောင်ပိုင်းတရားရုံးက ထောင်ဒဏ် ၁၂ နှစ်နှင့် ခြောက်လချမှတ်လိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံရှိ အစ္စလာမ္မစ်မိသားစု (မွတ်ဆလင်မိသားစု) များထဲတွင် မွေးဖွားကြီးပြင်းလာသော ကလေးငယ်များသည် ဂျာမန်လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုလာဖွယ်ရှိသည်ဟု ဂျာမန်ပြည်တွင်းထောက် လှမ်းရေးအကြီးအကဲက သတိပေးပြောကြားလိုက်ကြောင်း Deutsche Welle သတင်းဌာနက ရေးသားဖော်ပြသည်။
08-Aug-2018 tagged as ဂျာမနီ
ဂျာမနီအော်လ်တာနေးတစ်ပါတီ (AfD) ၏ ထင်ရှားသော အဖွဲ့ဝင်များသည် လူမျိုးရေးခွဲခြားမှု အယူအဆများကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ရန် ဝန်မလေးတော့သလို သမိုင်းပြန်လည်ပြင်ဆင်ရေးကိုပါ လိုလားနေကြပြီး အစွန်းပိုရောက်လာနေကြောင်း ပညာရှင်များ၏ သုံးသပ်ချက်ကို ကိုးကား၍ DW သတင်းဌာနက ဖော်ပြသည်။
22-Jul-2018 tagged as ဂျာမနီ ဟစ်တလာ
ကုန်ခဲ့သည့် ၁၉၄၄ ခုနှစ်က နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအရေး နိမ့်သွားခဲ့ရခြင်းအတွက် အောက်မေ့ဖွယ်အခမ်းအနားကို မြို့တော်ဘာလင်တွင် ကျင်းပပြုလုပ်ရာ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ကိုမားစ် တက်ရောက်ခဲ့ကြောင်းနှင့် ၎င်းက ဥရောပဒေသ၏ လက်ယာစွန်း လူပြိန်းကြိုက်ဝါဒကို ပြစ်တင်ရှုတ်ချလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဂျာမနီနိုင်ငံတွင် နှစ်အတန်ကြာ အလုပ်လက်မဲ့ဖြစ်သူများအတွက် အလုပ်အကိုင် ထောက်ပံ့ဖန်တီးပေးမည့် အစီအစဉ်တစ်ရပ်ကို ဂျာမန်အစိုးရအဖွဲ့က မီးစိမ်းပြ သဘောတူလိုက်ပြီဖြစ်ကြောင်း DW သတင်းဌာနကရေးသားဖော်ပြသည်။