News

POST TAGGED AS

ဂျပန်

04-Jan-2018 tagged as ဂျပန် တိုကျို
ဂျပန်တွင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသူတစ်ဦး၏ အလောင်းအား ရိုက်ကူးထားသော ဗီဒီယိုကို You Tube တင်ခဲ့သူ အမေရိကန်လူမျိုး လိုဂန်ပေါလ်က ခွင့်လွှတ်မှုကို မမျှော်လင့်ပါဟု ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
29-Dec-2017 tagged as ဂျပန်
ဂျပန်နိုင်ငံမှ သုတေသီတစ်ဦးသည် မတော်တဆ ကွဲသွားသည့်မှန်ကို လက်နှင့်ဖိလိုက်လျှင် အလိုအလျောက်ပြန်ဆက်ကာ အကောင်းအတိုင်းဖြစ်သွားစေရန် တီထွင်နိုင်ခဲ့ကြောင်း The Citizen သတင်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အစိုးရနှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းကာ စစ်တွေကမ်းရိုးတန်းတွင် မြေဧက ၉၀ ရှိမည့် မြို့သစ်စီမံကိန်း ဖော်ဆောင်လျက်ရှိရာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။
ယခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှု အရေအတွက်မှာ မှတ်တမ်းများစတင်ကောက်ယူသည့် ၁၈၉၉ ခုနှစ်နောက်ပိုင်း နှစ် ၁၀ဝ ကျော်အတွင်း အနိမ့်ဆုံးရောက်ရှိခဲ့ပြီး လူဦးရေအချိုးမညီမှု ပြဿနာ ပိုမိုနက်ရှိုင်းလာခဲ့ကာ နောင်ဆယ်စုနှစ်များစွာ နိုင်ငံ့လူဦးရေ ဆက်လက်ကျဆင်းရန် သေချာသွားစေခဲ့ကြောင်း Financial Times သတင်းစာက ဖော်ပြသည်။
ကဏ္ဍအသီးသီးအတွက် မြန်မာနိုင်ငံကို အကူအညီမြောက်မြားစွာပေးလျက်ရှိသော ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုသည် လာမည့်ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့လာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်ကို Kyodo သတင်းဌာနက ကိုးကားဖော်ပြသည်။
26-Dec-2017 tagged as ဂျပန်
သူ့လှုပ်ရှားမှုက အောင်မြင်သင့်သလောက် အောင်မြင်လာသည်။ ကလေးတွေက လွယ်အိတ်လေးများတွင် ဝယ်ကပ်လာကြသည်။ ရထားရဲများကလည်း အထက်တန်းကျောင်းများသို့ လာရောက်ပြီး လက်သရမ်းသူများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ဆိုသည့် သဘောတရားများကို ပညာပေးပြီး လိုက်လံဟောပြောနေသည်။ ကလေးတွေကို စတစ်ကာရဲရဲတပ်ပြီး လက်သရမ်းသူများကို သတိပေးနေသည့်စနစ်ကို သူတို့ အကောင်အထည်ဖော်ပေးနေခြင်း ဖြစ်သည်။
25-Dec-2017 tagged as ဂျပန်
ဂျပန်နိုင်ငံ စာတိုက်လုပ်ငန်းသည် ကားပုံစံစက်ရုပ်ကို စာပို့စက်ရုပ်အဖြစ် ဖူကူရှီးမားမြို့အတွင်း စမ်းသပ်လုပ်ဆောင်လျက်ရှိကြောင်း Japan News သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားဒုံးကျည်များ၏ ခြိမ်းခြောက်မှု တိုးပွားလာသဖြင့် အမေရိကန်ပြည်ထောင်စုထုတ် မြေပြင်အခြေစိုက် အေးဂျစ် ရေဒါစခန်းများ၊ ကြားဖြတ်ဟန့်တားရေး ဒုံးများဖြင့် ဒုံးခွင်းဒုံးစနစ်ကို ဂျပန်နိုင်ငံက တိုးချဲ့သွားမည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
19-Dec-2017 tagged as ဂျပန်
မြန်မာနိုင်ငံတွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရာတွင် နမူနာယူနိုင်ရန် ဂျပန်အစိုးရက တန်ဖိုးသင့်အိမ်ရာ နမူနာကို ဆောက်လုပ်ရန် ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
19-Dec-2017 tagged as ဂျပန် နည်းပညာ
ရန်ကုန်တိုင်းရှိ မော်တော်ယာဉ် မှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းကို ဂျပန်နိုင်ငံထုတ် ယာဉ်စစ်ဆေးရေးစက် Test Lane ဖြင့် စစ်ဆေးခြင်းနှင့် ပတ်သက်၍ JICA နည်းပညာရှင်များက ဒီဇင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ သင်တန်းပေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။