News

POST TAGGED AS

ဂျပန်

ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့အာရှအမျိုးသမီးများကို ဂျပန်စစ်တပ်က လိင်ကျွန်ပြုနှိပ်စက်ခဲ့ခြင်းကိစ္စကို တရားဝင် မတောင်းပန်ဘဲ သမိုင်းတွင်ဖြစ်ခဲ့သော ကိစ္စတစ်ရပ်ဟု ဂျပန်အနေနှင့် ကြေညာခွင့်မရှိကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ဂျပန်ဖလား ကရာတေးဒို ပြိုင်ပွဲမှနေ၍ ပဏာမလက်ရွေးစင် ကစားသမားများ ရွေးချယ်ရန်ရှိနေသည်။
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်လျက်ရှိသည့် အခြေခံအဆောက်အဦ၊ လျှပ်စစ်နှင့် စွမ်းအင်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများက ဂျပန်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြောကြားလိုက်သည်။
မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် မတ်လ ၁၃ ရက်နေ့တွင် ဂျပန်လုပ်ငန်းရှင် ၅၀ ဦးခန့်သည် မြန်မာနိုင်ငံသို့ ဆွေးနွေးမှုများ လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
24-Feb-2018 tagged as ပညာရေး ဂျပန်
ဂျပန်နိုင်ငံ အထက်တန်းအတွက် သင်ရိုးများကို ပြောင်းလဲတော့မည်ဖြစ်ရာ နောက်ထပ်သင်ရိုးသစ်တွင် မသင်မနေရ ဘာသာရပ်များအဖြစ် သမိုင်းနှင့်ပြည်သူ့ရေးရာ ဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးရန် ပညာရေးဝန်ကြီးက သင်ရိုးအကြမ်းများကို ထုတ်ပြန်ခဲ့ကြောင်း The Japan Times သတင်းတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်ရှိ သဘာဝဘေးနှင့် စစ်ဘေးရှောင်သူများအတွက် ဆန်တန်ချိန် ၃၁၁ ဒသမ ၄၇၇ တန်ကို အာဆီယံ+၃ အရန်ဆန်ရိက္ခာအစီအစဉ် ၃ အရ ဂျပန်နိုင်ငံအစိုးရက ထောက်ပံ့ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဂျပန်ကုမ္ပဏီတစ်ခုသည် ၂၀၄၁ ခုနှစ်တွင် ကျရောက်မည့် နှစ် ၃၅၀ မြောက် ထူထောင်မှုအထိမ်းအမှတ်အဖြစ် ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်ကိုတည် ဆောက်ရန်စီစဉ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးပါက ၎င်းတို့ပြည်နယ်ဒေသရှိ အခြေခံအဆောက်အဦများကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရကိုယ်စား နိပွန်ဖောင်ဒေးရှင်းက ပြောကြားသည်။
01-Feb-2018 tagged as ဂျပန်
ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသ ဆပ်ပိုရိုမြို့ရှိ ငွေကြေး ခက်ခဲသူများနေထိုင်ရာ လူမှုဖူလုံရေး ဂေဟာတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၁ ဦးသေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန်စပါးတွင်ပါဝင်သည့် အစိုဓာတ်များကို တိုင်းတာစစ်ဆေးရာ၌ ပိုမိုတိကျကောင်းမွန်သည့်စနစ်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် ဂျပန်နိုင်ငံမှ Kett Electric Laboratory (Kett) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ် (MoU) ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။