News

POST TAGGED AS

ချင်းပြည်နယ်

25-Dec-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ်၏ အထိမ်းအမှတ် သင်္ကေတ ပန်းတစ်ခုဖြစ်သည့် တောင်ဇလပ်ပင်များကို ခရစ္စမတ်ပွဲတော် မတိုင်မီအပင် လိုက်ခုတ်ယူမှုများ ရှိနေကြောင်း ချင်းပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
24-Dec-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်းရှိ ခေါနူးစုမ် အမျိုးသားဥယျာဉ်အတွင်း တောင်ဇလပ်ပန်းများကို ထိန်းသိမ်းသည့်အနေဖြင့် တောင်ဇလပ်ပန်းများ လုံးဝမခူးရ စာတန်းပါ ဗီနိုင်းအချပ် ၁၅၀ ကို ချိတ်ဆွဲလျက်ရှိကြောင်း အဆိုပါလှုပ်ရှားမှု ဦးဆောင်သည့် မင်းတပ်မြို့နေ ဆလိုင်းမာန်ဟုန်က ပြောကြားသည်။
19-Dec-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် အစိုးရအဖွဲ့သစ်၏ ၂ နှစ်တာကာလအတွင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များ ရှိနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံ Chin Center for Peace and Reconciliation အဖွဲ့က ပေးပို့ထားသည့်စာတမ်းတွင် ဖော်ပြထားသည်။
27-Nov-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ်၊ မတူပီမြို့မှ ၁၂ မိုင်ခန့်အကွာရှိ ရေစီးအားသန်သည် ဘုံတလာ ရေတံခွန်အောက်သို့ ပြုတ်ကျခဲ့သူ၏ သေဆုံးနေသည့် ရုပ်အလောင်းကို ၁၀ ရက်အကြာတွင် ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း ရှာဖွေရာတွင်ပါဝင်သည့် Sa Long က ပြောကြားသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဆက်သွယ်ထားသည့် ကလေး- ဖလမ်း- ဟားခါးလမ်း အဆင့်မြှင့်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိသည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က ချေးငွေထုတ်ပေးမှု ရုပ်သိမ်းရန် စီစဉ်နေမှုကို ကန့်ကွက်ကြောင်း ချင်းပြည်နယ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရွှေထီးအိုးက ပြောကြားသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ကုန်းပြင်ကျေးရွာမှ ရှင်းလက်ဝ ကျေးရွာသို့ စစ်ဘေးရှောင်လာသည့် ဒုက္ခသည်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း ရှင်းလက်ဝကျေးရွာ တာဝန်ခံ ဦးကျော်အောင်က ပြောကြားသည်။
06-Nov-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ချယ်ရီပင်ပေါင်း တစ်သောင်းကို လာမည့်မိုးရာသီတွင် စိုက်ပျိုးကာ ခရီးသွား လုပ်ငန်း မြှင့်တင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ လိုင်းဇိုးကျေးရွာကို ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်သဖြင့် မကျေနပ်၍ ယင်းကျေးရွာသားများက ယနေ့ (နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းက ဖလမ်းမြို့ပေါ်တွင် စုပေါင်းဆန္ဒပြခဲ့ကြကြောင်း လိုင်ဇိုးမြေယာထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပူးဇထောင်က ပြောကြားသည်။
ချင်းပြည်နယ် ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် နယ်စပ်အထိ အိန္ဒိယနိုင်ငံမှ တာဝန်ယူ ဖောက်လုပ်မည့် ကားလမ်းပေါ်ရှိ လမ်းအူကြောင်းအတွင်း ကျရောက်နေသည့် မြေရာနေအိမ်ပိုင်ရှင်များအတွက် နစ်နာကြေးပေးခဲ့ကြောင်း ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောကြားသည်။
ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၂ နှစ်အောက် ကလေးငယ် စုစုပေါင်းဦးရေ ရှစ်ထောင်ကျော်အတွက် တစ်ရက်လျှင် ငါးရာကျပ်စီဖြင့် ငွေကြေး ထောက်ပံ့လျက်ရှိကြောင်း ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောကြားသည်။