News

POST TAGGED AS

ခိုးဝင်ဘင်္ဂါလီ

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၁၆ ရက် နံနက် ၄ နာရီခန့်က ရခိုင်ပြည်နယ်ဘက်မှ ရန်ကုန်မြို့သို့သွားရောက်မည့် ခိုးဝင်ဘင်္ဂါလီ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အိန္ဒိယအစိုးရက နိုင်ငံသားမှတ်ပုံ တင်စာရင်း (NRC) ကိုထုတ်ပြန်ခဲ့ခြင်းဖြင့် စာရင်းတွင် မပါဝင်သော နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ တရားမဝင်ရွှေ့ပြောင်း ဘင်္ဂါလီ ၄ သန်း၏ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း BBC သတင်းက ဖော်ပြသည်။
မကွေးတိုင်း မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းအနီး ဘန့်ပြင်းကျေးရွာအနီးရှိ တောတွင်းတစ်နေရာတွင် ဇူလိုင် ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ခိုးဝင်ဘင်္ဂါလီ ၁၅ ဦးကို မင်းလှမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသော ဘင်္ဂါလီအချို့မှာ တရားဝင် လက်ခံရေးစခန်းများမှမဝင်ရောက်ဘဲ နယ်စပ်ဖြတ်ကျော်ကာ ရေလမ်း၊ ကုန်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံထဲသို့ ခိုးဝင်လာမှုများရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနမှူးရုံးမှ ပြည်နယ်မှူး ဦးအောင်မင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ မကွေးတိုင်းဒေသကြီး အတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂါလီဦးရေ မှာ ယခင်နှစ်များကထက် စံချိန်တင်မြင့်တက်ကြောင်း အဆိုပါ တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ငဖဲမြို့ ကျောင်းကွင်းရပ်ကွက် အားကစားကွင်း အနောက်ဘက် စည်ပင်ကွက်သစ်သို့သွားသည့် လမ်းထိပ်၌ ခိုးဝင်ဘင်္ဂါလီ ၂ ဦးကို မတ်လ ၃၁ ရက်နေ့ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့မရဲစခန်းထံမှ သိရသည်။
တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ မချစ်တီးလမ်းရှိ နေအိမ်တစ်လုံးတွင် မတ်လ ၂၇ ရက် နံနက် ၁ နာရီခန့်က အသက် ၁၉ နှစ်အရွယ်ခိုးဝင်ဘင်္ဂါလီ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။