News

POST TAGGED AS

ခရီးသွားလုပ်ငန်း

လာမည့်ခရီးသွားရာသီအတွက် လက်ရှိအချိန်ထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်ဝင်ရောက်ရန် ကြိုတင်စာရင်းပေးမှု (Pre-order) ယခင်နှစ်ထက် လျော့နည်းနေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ခရီးသွား လုပ်ငန်းများနှင့် မကြာ မကြာ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ခဲ့သည့် ပုလဲမွေးမြူရေး ကုမ္ပဏီများ၏ ပုလဲလုပ်ငန်းခွင်များသို့ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး သွားရောက်လည်ပတ်နိုင်တော့မည်ဖြစ်သည်။
မန္တလေးမြို့မှ တစ်နာရီခွဲခန့် ထပ်မံ သွားရသည့်ရှမ်းပြည်နယ်ရှိ မြို့ကြီးဆည်ကို သဘာဝ အခြေခံခရီးစဉ်ဒေသ (Eco Tourism) တစ်ခုအဖြစ် အကောင်အထည်ဖော်ရန် ကွင်းဆင်းလေ့လာနေကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောကြားသည်။
ဂျပန်နိုင်ငံတွင်သာမက ဟောလိဝုဒ် ရုပ်ရှင်လောကတွင်ထင်ရှားသည့် အဆိုတော် သရုပ်ဆောင် အနုပညာများဖြင့် နာမည်ကျော်နေသည့် မိုရီဆာကီဝင်းကို ဂျပန် ခရီးသွားဈေးကွက်အတွက် သံတမန်အဖြစ် ဩဂုတ်လ ၁၈ ရက်တွင် ခန့်အပ်လွှာပေးအပ်ရန် စီစဉ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။
ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုသော်လည်း လေဆိပ်တွင် Show Money အဖြစ် အမေရိကန် ဒေါ်လာ ၁၀၀၀ ပြရန် ထုတ်ပြန်ထားမှုကို ပြန်လည်ညှိနှိုင်းမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် အောက်တိုဘာလ ၁ ရက်မှစ၍ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုသော်လည်း လေဆိပ်တွင် Show Money အဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀ ပြရန် ခက်ခဲကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောကြားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ လိုင်စင်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လိုင်စင်စည်းကြပ်ခြင်းမပြုရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနောင်နောင်ဟန်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည် အဓိကလည်ပတ်ရာနေရာတစ်ခုဖြစ်သည့် ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ အစားအစာများကို ပြပွဲလုပ်၍ မိုးကာလအတွက် ခရီးသွားဈေးကွက် မြှင့်တင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထွဋ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအနေနှင့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှ ခရီးသွားများကို ယခုနှစ် အောက်တိုဘာမှစ၍ ဗီဇာကင်းလွတ်ခွင့် ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ခရီးသွားများကို ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။
ရိရေအိုင် ရေရှည်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင် မပျက်စီးစေရန် ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုသည် အဓိက လိုအပ်ပြီး အစိုးရအနေနှင့် တားမြစ်မှုများ လုပ်သင့်သော်လည်း မိရိုးဖလာ လုပ်ကိုင်နေသည့် ဒေသခံများ၏ စားဝတ်နေရေးအတွက် အစားထိုး စီစဉ်ပေးရန်လည်းလိုအပ်ကြောင်း