News

POST TAGGED AS

ကျိုက်ထီးရိုး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီ၏ ဂေါပကအသစ်ရွေးချယ်ပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့က လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ယခင်ဂေါပကအဖွဲ့ဝင်ဟောင်း ထက်ဝက်ကျော် ပြန်ရွေးခံရကြောင်း ကျိုက်ထီးရိုးဂေါပကရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျိုက်ထိုဟိုတယ်တွင် အခန်းသစ်ပြင်ဆင်ဆောက်လုပ်မှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက် ရက်စွဲဖြင့် တားမြစ်ကန့်ကွက်စာကို ယခုလ ၁၀ ရက်တွင် လက်ခံရရှိသောကြောင့် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားကြောင်း ကျိုက်ထိုဟိုတယ်လုပ်ငန်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ပြောကြားသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ကြီး၏ ဂေါပကအဖွဲ့သစ်ကို ယခုလ ၁၆ ရက်နေ့တွင် အတည်ပြုမည်ဖြစ်ရာ အရွေးခံသူများအနေနှင့် ဥပဒေဘောင်အတွင်းမှ အရွေးချယ်ခံကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ သတိပေးပြောကြားသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် ဂေါပကအဖွဲ့ဝင်များကို ယခုနှစ် တောင်ဖွင့်ပွဲ (သီတင်းကျွတ် လပြည့်နေ့) မတိုင်ခင် အပြီးသတ်ရွေးချယ်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား တောင်ပေါ်သို့ Cable Car စီမံကိန်းအသစ်တစ်ခု ထပ်မံပြေးဆွဲရန် စီစဉ်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အမှိုက်မီးရှို့စက်ထားရှိရေး စီစဉ်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွေဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်မြတ်ကြီးတည်ရှိရာ ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ၂၀၁၇ ခုနှစ် နိုင်ငံခြားခရီးသွားများထံမှ ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ၉၀၀၀ နီးပါး ကောက်ခံရရှိသည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲမည့် ကေဘယ်လ်ကား စီမံကိန်းသည် ကျိုက်ထီးရိုးဘုရားပွဲအမီ ပြေးဆွဲနိုင်ခြင်း မရှိသေးဟု စီမံကိန်း တာဝန်ရှိသူထံမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များကို ယမန်နှစ်ထက် ရန်ပုံငွေ ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး ယခင်လူဟောင်းများကိုသာ လုပ်ပိုင်ခွင့် ပေးသွားမည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားပွဲရာသီအတွင်း ဇုန်ဝင်ကြေးအဖြစ် ကျပ်သိန်းပေါင်း ၅၀၀၀ ခန့် ရရှိသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။