News

POST TAGGED AS

ကျန်းမာရေး

07-Sep-2018 tagged as ကျန်းမာရေး
ကမ္ဘာတစ်လွှားရှိ အရွယ်ရောက်ပြီးသူ ၁ ဒသမ ၄ ဘီလီယံခန့်သည် လုံလောက်သော ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် ရောဂါဖြစ်မည့်အန္တရာယ် မြင့်တက်နေသည်ဟု Lancet ကျန်းမာရေးဂျာနယ်က ထုတ်ပြန်လိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အိုင်အိုဒင်း ချို့တဲ့မှုရောဂါသည် အာဟာရ ပြဿနာ တစ်ရပ်ဖြစ်သည့်အတွက် အဆိုပါ ရောဂါပပျောက်ရေးအတွက် အမျိုးသား မဟာဗျူဟာမူကြမ်းကို ရေးဆွဲလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့နယ်၊ လန်းပန်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး အဖျားရောဂါဖြစ်ပွားနေပြီး စက်တင်ဘာလ ၂ ရက်နေ့က ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူလေးဦးအထိရှိလာကြောင်း နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။
ပြည်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းကြောင့် မြန်မာနိုင်ငံသားအချို့ ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆေးကုသမှု များပြားလာကြောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။
မလေးရှားနိုင်ငံတွင်း သကြားဓာတ် သုံးစွဲမှုလျှော့ချရေးနှင့် ကျန်းမာသော လူမှုဘဝမြှင့်တင်ရေး ရည်ရွယ်၍ ဆိုဒါခွန်ကောက်ခံရန် မလေးအစိုးရက စဉ်းစားနေကြောင်း ဝန်ကြီးချုပ်မဟာသီယာမိုဟာမက်က ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Channel News Asia သတင်းဌာနက ဖော်ပြသည်။
နေ့စဉ် ဝိုင်တစ်ခွက် သို့မဟုတ် အရက်တစ်ပက် သောက်သုံးခြင်းသည် ကျန်းမာရေးကောင်းမွန်စေနိုင်သည်ဟု ယခင်က ကျယ်ကျယ်ပြန့်ပြန့်ယူဆခဲ့သော်လည်း ယင်းသို့ ပမာဏအနည်းငယ်ခန့်မျှ သောက်သုံးခြင်းသည်ပင် ရောဂါဖြစ်နိုင်ခြေနှင့် အချိန်မတိုင်မီသေဆုံးနိုင်ခြေတို့ကို ပိုမိုမြင့်မားစေနိုင်သည်ဟု သိပ္ပံပညာရှင်များ၏ နောက်ဆုံးလေ့လာတွေ့ရှိချက်တစ်ရပ်က သတိပေးလိုက်ကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။
နိုင်ငံအနှံ့ရှိ သောင်းချီသော အကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ပေးရန် ပြည်ထဲရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ အကျဉ်းထောင်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများစာအုပ်ကို ရေးဆွဲထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှသိရသည်။
ဆေးလိပ်မသောက်သူများသည် ငယ်စဉ်က ဆေးလိပ်သောက်သော မိဘများနှင့် အတူနေထိုင်ခဲ့ရပါက ပြင်းထန်သော အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်မြင့်မားသည်ဟု အမေရိကန် သုတေသနအစီရင်ခံစာတစ်စောင်က တင်ပြထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ပြင်းထန်စွာဝေဖန်ရှုတ်ချလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာကထူးခြားစွာ သတင်းဖော်ပြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။