News

POST TAGGED AS

ကလေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကို အုပ်ချုပ်ခဲ့သည့် ရှမ်းစော်ဘွားစဝ်ညီခေါင် လက်ထက်မှ စတင်တည်ထောင်ထားသည့် ဟော်နန်းနှစ် ၂၀၀ ပြည့် အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူမည်ဖြစ်ကြောင်း ခန္တီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စိုင်းဝင်းလှိုင်က ပြောကြားသည်။
မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် မြန်မာ - အိန္ဒိယနယ်စပ် နန်းဖာလုံဈေးတွင် လက်ရှိ ယာယီဈေးဆိုင်ခန်းများ တည်ဆောက်နေမှုမှာ ယခုလအတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း တမူးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားသည်။
11-Mar-2018 tagged as ကလေး
အသက် ၁၄ နှစ်နှင့် ၁၅ နှစ်ရှိ ကလေးငယ် ခုနစ်ဦးအား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တရားသူကြီးက အမှုစစ်ဆေးခြင်းမရှိဘဲ ထောင်ဒဏ် လေးနှစ်ချမှတ်သည်ဟုဆိုကာ မတ်လ ၁၁ ရက် နံနက်ပိုင်းက ယင်းမြို့နယ်၊ ဓမ္မဝိဇယ ဆွမ်းလောင်းဓမ္မာရုံ၌ ကလေးငယ်များ၏ မိသားစုဝင်များ၊ ကလေးသူငယ် စောင့်ရှောက်ရေးဝန်ထမ်းများနှင့် ရှေ့နေများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ မတူပီနှင့် တီးတိန်မြို့သုံးမြို့ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန် စီစဉ်နေကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ မိုဝိုင်းလွတ်မြို့၊ ဆွမ္မရာမြို့နှင့် ရန်နွေးကျေးရွာတို့တွင် သောက်သုံးရေရရှိရေးအတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လေရှီးမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက မေးခွန်းမေးမြန်းခဲ့သည်။
ချင်းပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်သည့် ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ထိပ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ညအိပ်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန (မင်းတပ်ခရိုင်ရုံး) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးဟုန်လိန်းက ပြောကြားသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ မိုပိုင်းလွတ်မြို့ကို မိုဝိုင်းလွတ်မြို့ဟု အမည်ပြောင်းလဲသတ်မှတ်၍ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း ဟုမ္မလင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ABC မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာတွင် မစောင့်ရှောက်နိုင်၍ ကလေးများကို လာအပ်သူများပြားကြောင်း အဆိုပါ မိဘမဲ့ကလေးများစောင့်ရှောက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။
စိုက်ပျိုးရေးရှေ့တန်း စခန်းလုပ်ရန် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သိမ်းယူထားသည့် လယ်ယာမြေများအနက် လယ်ယာမြေဧက ခြောက်ဧကကျော်ကို တောင်သူများထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း လက်ရှိတည်ဆောက်နေသည့် ကျေးလက်လမ်းတံတားတစ်စင်းမှာ အရည်အသွေးမပြည့်မီသည့်အတွက် ပြန်လည်ပြုပြင်ရန် ကုမ္ပဏီကို ညွှန်ကြားထားကြောင်း ဟုမ္မလင်းမြို့၊ လမ်းဦးစီးဌာနထံမှ သိရသည်။