News

POST TAGGED AS

ကလေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တွင် ၁၃ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်ကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှုဖြစ်ပွားခဲ့၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မော်လိုက် မြို့မရဲစခန်းထံမှ သိရသည်။
18-Jul-2018 tagged as ကလေး ထိုင်း
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်ရှိ ဂူကွန်ရက်အတွင်း ပိတ်မိနေခဲ့စဉ် ကယ်ထုတ်ရန်ကြိုးပမ်းကြရာ၌ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့သူ ထိုင်းရေတပ်မှ ရေငုပ်သမားကို ကလေးငယ် ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြဖြစ်သူတို့က ပူဆွေးလွမ်းဆွတ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မကွေးတိုင်း ဂန့်ဂေါမြို့သို့ ဆက်သွယ်သွားလာသည့် ကလေး- ဂန့်ဂေါတိုက်ရိုက် ရထားလိုင်း ဇူလိုင်လ ၁၁ ရက်နေ့မှစတင် ပြေးဆွဲနေပြီဖြစ်ကြောင်း ကလေးမြို့ မြန်မာ့မီးရထားဘူတာရုံးမှ ရုံပိုင်လေး ဦးကျော်စိုးနိုင်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အမြန်ဆုံး ပြန်လည်ကျင်းပရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။
01-Jun-2018 tagged as တံတား ကလေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ခြမ်းတွင် နေထိုင်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် မြစ်သာမြစ်ကူးတံတား အသစ်တစ်စင်းကို တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မေလ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အတွင်း ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအနက် စာသင်ကျောင်း ၄၀ ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ကလေးမြို့နယ်၊ ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ်၊ တောင်ကလေးရွာတွင် ဧပြီလတတိယပတ်မှ မတ်လ ၂၇ ရက်အထိ ကလေး ၁၀၄ ဦးကို ခြေတု/လက်တုနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း ဘားအံ၊ တောင်ကလေး ခြေတုလက်တုနှင့် ပြန်လည်ထူထောင်ရေးဌာနထံမှ သိရသည်။
ကလေးပန်းချီလောက ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မီးအိမ်ရှင်ပန်းချီ သင်တန်းကျောင်းနှင့် ရွှေပန်းမြိုင် ပရဟိတကျောင်းမှ ကလေးငယ်များ၏ ပန်းချီကားများ ပါဝင်သည့် ကလေးပန်းချီပြပွဲကို မေလ ၂၆ ရက်နေ့က မန္တလေးမြို့ရှိ လူထုဧရိယာနေရာတွင် ပြုလုပ်ခဲ့သည်။
သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုကြောင့် ချင်းတွင်းမြစ်အတွင်း သောင်ထွန်းပြီး ရေနည်းကာလများတွင် ရေယာဉ်များ သွားလာရေးခက်ခဲရသဖြင့် ရေလမ်းကြောင်း ကောင်းမွန်စေရေးအတွက်မြစ်ကြောင်း အတွင်း လိုအပ်သည့်နေရာများကို ပြုပြင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က ပြောကြားသည်။
16-May-2018 tagged as ကလေး လယ်ယာ
စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ တပ်သိမ်းလယ်ယာမြေများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် စီစဉ်ထားသော်လည်း မြေလက်ခံယူမည့်သူများသည် မူလပိုင်ရှင်များမဟုတ်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လယ်ယာမြေပြန်ပေးမည့် အခမ်းအနားကိုဖျက်သိမ်းလိုက်ကြောင်း ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူက ပြောကြားသည်။