News

POST TAGGED AS

ကလေးဝ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ပေါ်၌ ရေပေးဝေရေးလုပ်ငန်းတွင် အသုံးပြုရသည့် ဒီဇယ်ဈေးမြင့်တက်လာသဖြင့် ရေအသုံးပြုခ တိုးမြှင့်ကောက်ခံရန် ရေပေးဝေရေးကော်မတီက စီစဉ်ခဲ့မှုမှာ ယခုအခါ ရပ်ဆိုင်းထားကြောင်း ကလေးဝမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။
ကလေးဝမြို့နယ်တွင် ဩဂုတ်လ ၃ ရက်နေ့က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ပြိုကျခဲ့မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များအတွက် သေဆုံးသူတစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကလေးခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးမြတ်ဇော်ထွန်းက ပြောကြားသည်။
05-Aug-2018 tagged as ကလေးဝ
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအနီး ကလေး-ကလေးဝ ကားလမ်းဘေးရှိ မြစ်သာမြစ် ကမ်းထိန်းနံရံသည် တည်ဆောက်ပြီး ၇ လအကြာတွင် ပြိုကျပျက်စီးခဲ့ကြောင်း ကလေးဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များရုံးထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေးစက်ရုံတည်ဆောက်ရန် ဆောင်ရွက်နေသည့်အပေါ် ဒေသခံများအနေနှင့် သဘောမတူဘဲ ကန့်ကွက်ကြောင်း ယင်းဒေသခံများက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ အမှတ် ၂ ရပ်ကွက်အတွင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ၁၀ နှစ်အရွယ် ကလေးသုံးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းထံမှ သိရသည်။