News

POST TAGGED AS

ကုန်တင်ယာဉ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးရေတံခွန်အနီး၌ ဩဂုတ်လ ၂ ရက် နေ့နှင့် ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် တရုတ်ပြည်မှ ကန်ပိုင်တီ နယ်စပ်ဂိတ်ကို ဖြတ်သန်းသယ်ဆောင်လာသည့် အကောက်ခွန်မဲ့ တရားမဝင်ကုန်တင်ယာဉ် ၃၁ စီးကို ဩဂုတ်လ ၆ ရက်နေ့က အဖွဲ့စုံဖြင့် စတင်စစ်ဆေးနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ကုန်တင်ယာဉ်တန်ဆာခများ လျှော့ချလိုက်သဖြင့် ကျောက်ဆည်မြို့ကုန်တင်ယာဉ်ကြီးများအသင်းက ဘိလပ်မြေမတင်ရန် ဆုံးဖြတ်လိုက်သည်။
ကတ္တားစံချိန်များ ပြန်လည်ချိန်ညှိပြီးနောက်ပိုင်းတွင် ကုန်တင်ကားကြီးများ၏ ကုန်တန်ချိန်မှာ လျော့ကျသွားသည့်အတွက် ယခင်အတိုင်း ပြန်လည်သတ်မှတ်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောကြားသည်။
ကုန်တင်ကားများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တန်ပိုသယ်ဆောင်ခွင့် ပိတ်ပင်လိုက်သည့်အတွက် ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအတွက် ကုန်တင်ယာဉ်တစ်စီးလျှင် ကျပ်ငါးသောင်းမှ တစ်သိန်းအထိ နစ်နာကြောင်း ၎င်းတို့ထံမှသိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လမ်း၊ တံတားတိုးဂိတ်များတွင် ကုန်တင်ယာဉ်များ ကတ္တားချိန်တွယ်ရာ၌ ယင်းတိုးဂိတ်ရှိ ကတ္တား၏အလေးချိန်အတိုင်း သတ်မှတ်ကောက်ခံမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ကြေညာချက်ကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ ၁၀ ရက်ကြာ ကုန်တင်ယာဉ်များကို ပြေးဆွဲခြင်းမပြုဘဲ ရပ်နားထားကာ ဆန္ဒပြရန်စီစဉ်လျက်ရှိကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ကုန်စည်တင်ပို့နေသည့် ကုန်တင်ယာဉ်ကြီးများအနေနှင့် မြို့အတွင်းလှည့်လည်၍ ကုန်စည်ချထားခြင်း မပြုလုပ်ရန် တားမြစ်ထားကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။