News

POST TAGGED AS

ကား

12-Jun-2017 tagged as ကား
ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းခွင့် ကန့်သတ်လိုက်သည့် ကာလမှစ၍ လျော့ကျလာသော ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုသည် ယခုနှစ်ငါးလအတွင်း တင်သွင်းမှုမှာ ယခင်နှစ်ကာလတူက ထက် ၃၀ ရာခိုင်နှုန်းခန့် လျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
08-Jun-2017 tagged as ကား
သာကေတမြို့နယ် (၅) ကွေ့ မှတ်တိုင်တွင် YBS (၃၁) ယာဉ်တစ်စီးကို တုတ်၊ ခဲများဖြင့် ပစ်ပေါက်ပြီး ယာဉ်အကူကို ဓားနှင့် ဝိုင်းခုတ်သည့်အဖွဲ့မှ လေးဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-May-2017 tagged as ကား
မောင်းသူမဲ့ တက္ကစီကားများ ပေါ်ထွန်းလာရေးကို အပြိုင်အဆိုင် ကြိုးပမ်းနေသည့် ကာလတွင် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှ အီလက်ထရစ် ဘတ်စ်ကားကုမ္ပဏီ တစ်ခုက ၂၀၁၉ ခုနှစ်တွင် မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကားများကို ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း USA Today သတင်းတွင် ဖော်ပြထားသည်။
04-May-2017 tagged as ကား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၊ မုံးထမြို့ မိုင်းတုံ-မုံးထလမ်း မိုင်တိုင်အမှတ် ၂၈ တွင် ယနေ့ (မေလ ၄ ရက်) နံနက် ၈ နာရီခန့်က လူခြောက်ဦး လိုက်ပါစီးနင်းလာသည့် အိမ်စီးမော်တော်ယာဉ်တစ်စီး ပေ ၅၀ ခန့်နက်သည့် ချောက်အတွင်း ထိုးကျတိမ်းမှောက်ရာ သူနာပြုဆရာမတစ်ဦး အပါအဝင် လူလေးဦး ဒဏ်ရာရရှိကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
27-Apr-2017 tagged as ကား
မော်ဒယ်လ်နိမ့်ကားများကို နှစ်နှစ်အတွင်း ရောင်းမထွက်ပါက တင်သွင်းလာသည့် နိုင်ငံထံသို့ ပြန်ပို့ရန် အစိုးရက သတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ပြန်ပို့ရန် ကားအစီးရေ ၅၀၀၀ ကျော် ရှိနေသော်လည်း အချို့နိုင်ငံများက ပြန်ပို့မည့် ကားများကို လက်မခံသည့် အခြေအနေ ရင်ဆိုင်နေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ညွန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
25-Apr-2017 tagged as ကား
သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ဧပြီလဆန်းပိုင်းမှ စတင်ကာ စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ယင်းအနက်မှ အထောက်အထားခိုင်လုံစွာ တင်ပြ၍ ပြန်လည်တောင်းခံထားသည့် ယာဉ် ၁၁ စင်းကို ပိုင်ရှင်အသီးသီးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။