News

POST TAGGED AS

ကားမီးလောင်

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာအနီးတွင် ဇူလိုင်လ ၃၀ ရက်နေ့ညက အရက်ဆီဂါလန်ငါးရာ တင်ဆောင်လာသော ၂၂ ဘီးတပ် ကုန်တင်ကားတစ်စီး မီးလောင်သဖြင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ မြေနီကုန်းခုံးကျော်တံတားပေါ်တွင် ဇွန်လ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က Toyota Noah အမျိုးအစား အဖြူယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ အနော်ရထာလမ်းမဘေးရှိ YBS အမှတ် ၅၃ ဂိတ်တွင် မတ်လ ၂၈ ည ၁၁ နာရီ မိနစ် ၂၀ ခန့်က YBS ယာဉ်ပေါ်တွင် ခြင်ဆေးခွေမီးထွန်းအိပ်ရာက မီးလောင်ခဲ့ပြီး ယာဉ်ပေါ်၌ အိပ်ပျော်နေသူ အမျိုးသားနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အမြန်လမ်း မိုင်တိုင်အမှတ် ၄/၂ အနီးတွင် HIACE (အံစာတုံး) ယာဉ်တစ်စီး မီးလောင်ရာမှ ယာဉ်ပေါ်ပါ လူရှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ အသက်ရှင် လွတ်မြောက်ခဲ့သော ယာဉ်မောင်း ကိုအောင်ခန့် (ခ) ဇွဲမြန်မာကို ယနေ့(မတ်လ ၂၁ ရက်) မွန်းလွဲပိုင်းက လှည်းကူးမြို့နယ် တရားရုံးက ပုဒ်မသုံးခုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
20-Mar-2018 tagged as ကားမီးလောင်
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Hi Ace (အန်စာတုံး)ယာဉ်တစ်စီး မီးလောင်ရာမှ ယာဉ်ပေါ်ပါ လူရှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုထားသော ယာဉ်မောင်း အမျိုးသားကို မတ်လ ၂၁ ရက်နေ့တွင် လှည်းကူးမြို့နယ် တရားရုံး၌ အမှုကို အပြီးသတ် စီရင်ချက် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၁ ရပ်ကွက်၊ ပညာရေး ၁ လမ်း၊ အင်းဝ အိမ်ရာအနီးတွင် မတ်လ ၁၈ ရက် နံနက် ၇ နာရီခွဲက YBS ၈၄ မီနီဘတ်စ်ယာဉ်တစ်စီး မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်ဆိပ်ကမ်းနယ်မြေ ဝါးတန်း မီးရထားကုန်ရုံဘူတာအတွင်း ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ကွန်တိန်နာယာဉ်၏ ရှေ့ခေါင်းခန်းမှ ဝါယာကြိုးအပူလွန်ကဲရာက စတင်မီးလောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက် သုမင်္ဂလာလမ်းရှိ ပဒေသာမှတ်တိုင်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁ ရက်) နံနက် ၇ နာရီခွဲဝန်းကျင်က YBS (၁၀) ခရီးသည်တင် ယာဉ်တစ်စီးမှာ မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ် နာမည်ကျော် ရှောင်ဇဲလီဇဲရိပ်သာလမ်းတွင် ကားတစ်စီးသည် ရဲအရာရှိကို ဝင်တိုက်ပြီး နောက် မီးလောင်သွားသည်ဟု ရဲဌာန တာဝန်ရှိသူများက ပြောကြားသည်။
13-May-2017 tagged as ကားမီးလောင်
ရန်ကုန်-မန္တလေး အမြန်လမ်း လှည်းကူးတိုးဂိတ်အနီး မိုင်တိုင် ၄ နှင့် ၄ ဖာလုံတွင် မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ပဲခူးဖက်မှ ရန်ကုန်ဖက်သို့ မောင်းနှင်လာသည့် ၁၀ ဘီး မြေသယ်ယာဉ်တစ်စင်း အရှိန်လွန် တိမ်းမှောက်ရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး နေပြည်တော်မှ စုံစမ်းသိရှိရသည်။