POST TAGGED AS

အင်းစိန်အကျဉ်းထောင်

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော အကျဉ်းကျကျောင်းသားများက နိုင်ငံတော်မှလွတ်ငြိမ်းခွင့်ပေးရန်မျှော်လင့်နေကြောင်း အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဦးက ပြောကြားသည်။
အင်းစိန်ဗဟိုအကျဉ်းထောင် ဧရိယာရှိ ဘုရင့်နောင်လမ်းအနောက်ဘက်ခြမ်းနှင့် ဘုရင့်နောင် ၁ လိုင်းအနီးတွင် စုပေါင်းတရားရုံးဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အင်းစိန်ထောင်မှ ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများအတွက် အင်္ဂလိပ်စာ ဘာသာရပ်သင်ကြားပေးရန် စေတနာ့ဝန်ထမ်းဆရာ ၁၀ ဦးက ကမ်းလှမ်းထားကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။
နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ (၃) ဖြင့် ဖမ်းဆီးခံထားရသော ရိုက်တာသတင်းဌာနမှ ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီက မင်္ဂလာဒုံမြို့နယ်တရားရုံးသို့ ရုံးထုတ်၍ ချုပ်ရမန်ကြီး တစ်ပတ်ထပ်ယူကာ အင်းစိန်အကျဉ်းထောင် ပို့ဆောင်လိုက်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ ထပ်မံရုံးချိန်းပေးလိုက်ကြောင်း ကိုဝလုံး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။
တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် အမေအိမ်ခြံ၌ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများက အင်းစိန်ထောင်တွင်း သပိတ်တိုက်ပွဲ ၂၇ နှစ်ပြည့် စကားဝိုင်း ကျင်းပခဲ့ကြောင်း စီစဉ်သူ ဦးသက်ဦးက ပြောကြားသည်။
...အတန်းပညာရေး လုံးဝမရှိဘဲနှင့်လည်း အသိပညာကို ရရှိလာမည် မဟုတ်ပါ။ ယုတ်စွအဆုံး ဘုန်းကြီးကျောင်းသားဘဝကို မဖြတ်သန်းဖူးဘဲနှင့်လည်း အသိပညာကို အလိုအလျောက် ရရှိလာမည် မဟုတ်ပါ။ ဖိုးရာဇာလို ပါရမီရှင် ပညာရှိမျိုး ဆိုသည်ကလည်း လူသိန်းပေါင်းများစွာတွင် တစ်ဦးရှိဖို့ မလွယ်ပါ။
အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အကျဉ်းကျ ကျောင်းသားများအနေနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ရန် ကြိုးစားပါက လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အလမ်း ရရှိနိုင်မည်ဟု အားပေးထားကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။
အင်းစိန်ထောင်တွင် နေရာကျပ်တည်းမှုကြောင့် ယခုနှစ် ခုနစ်လအတွင်း ပြည်နယ်နှင့်တိုင်းရှိ အလုပ်စခန်းနှင့် ကုန်ထုတ်စခန်းများသို့ အကျဉ်းသား တစ်ထောင်ခန့် လွှဲပြောင်းခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်ထံမှ သိရသည်။
အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ယခုပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အကျဉ်းကျ ကျောင်းသားကိုးဦးကို ဇူလိုင်လ ၁၅ ရက်တွင် ဂုဏ်ပြုမည် ဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဒုတိယညွှန်ကြားရေးမှူး ထောင်ပိုင် ဦးမျိုးဦးက ပြောကြားသည်။
အင်းစိန်အကျဉ်းထောင်တွင်းရှိ အလယ်တန်းကျောင်းခွဲတွင် ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သူငယ်တန်းမှ ဒသမတန်းအထိ အကျဉ်းကျ ကျောင်းသား ၁၀၀ ကျော် ပညာသင်ယူနေကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ သိရှိရသည်။