News

09-May-2019
MMA (ဘက်စုံသုံးကိုယ်ခံပညာ ပြိုင်ပွဲ) လောက၏ အရှိန်အဝါအကြီးမားဆုံး ဆုပေးပွဲတစ်ခုဖြစ်သည့် World MMA Awards ဆုရွေးချယ်မည့် စာရင်းတွင် မြန်မာနိုင်ငံကိုယ်စားပြု ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား MMA ဖိုက်တာ အောင်လအန်ဆန်း ဆန်ကာတင်စာရင်းတွင် ပါဝင်လျက်ရှိပြီး ယင်းဆုအတွက် ပရိသတ်များ အွန်လိုင်းမှ တိုက်ရိုက်မဲပေးနိုင်ကြောင်း သိရသည်။
09-May-2019
Miss Bum Bum လို့ ပြောလိုက်တာနဲ့ ဒီအမျိုးသမီးဟာ တင်ပါးအလှမယ်ပြိုင်ပွဲမှာ ဆုရရှိထားသူလို့ အားလုံးက လွယ်လင့်တကူ သိရှိကြပါတယ်။
09-May-2019
လီဗာပူးအသင်းအားပေးသူများသည် ဆပ်စ်ဆက်ခ်နယ်စားမင်းဖြစ်သော မင်းသား ဟယ်ရီနှင့် ဇနီးသည် မီဂန်တို့က ဖွားမြင်လိုက်သည့် တော်ဝင်မင်းသားငယ်လေးကို လီဗာပူးတိုက်စစ်မှူးအော်ရီဂီ၏ ရှေ့အမည်ဖြစ်သော ဒီဗော့ခ်ဟု မှည့်ခေါ်ပေးပါရန် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် လှုပ်ရှားမှုတစ်ခု ဆောင်ရွက်ကာ တိုက်တွန်းတောင်းဆိုနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-May-2019
“ကျွန်တော့်အဖေက ကျွန်တော့်ရဲ့ လက်ဦးဆရာပဲ။ အိမ်မှာ ခုံလေးထောင်ပြီး အသက် ၇၊ ၈ နှစ်လောက်ကတည်းက စကစားခဲ့တယ်”
07-May-2019
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မန်ယူကို အထက်မှစ၍ အောက်ခြေထိတိုင် အပြောင်းအလဲ လုပ်ရတော့မည်ဟု အသိပေးပြောကြားလိုက်ပြီး လက်ရှိအခြေအနေများအရ အသင်းကို စီမံခန့်ခွဲရာတွင် အလွဲအမှားများရှိနေခြင်းကလည်း မန်ယူအတွက် ထိခိုက်နစ်နာမှုများရှိနေရကြောင်း ဂယ်ရီနဗီးလ်က မှတ်ချက်ပေးသွားခဲ့သေးသည်ဟု The Mirror က ဖော်ပြထားသည်။
07-May-2019
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အင်္ဂလန်သတင်းမီဒီယာများက ပရီးမီးယားလိဂ်ဆုဖလားကို လီဗာပူးအသင်း ဆွတ်ခူးရရှိသွားသည်အား မြင်တွေ့လိုသော်လည်း ဆုဖလားမှာ မိမိတို့လက်ထဲသို့ ရောက်နေပြီဖြစ်ကြောင်း ဝင့်ကြွားပြောဆိုလိုက်ပြီး ရာသီသိမ်းပွဲစဉ်တွင် ဘရိုက်တန်ကို အနိုင်ကစားရန် ၎င်းတို့ထံတွင် ယုံကြည်မှုများ အပြည့်ရှိနေပြီဟုလည်း ဂွါဒီယိုလာက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
07-May-2019
“ကမ္ဘာ့ချန်ပီယံတွေကြားမှာ Breaks အမြင့်နဲ့ ထိပ်ဆုံးမှာ ရပ်တည်ပြီး တတိယဆု ပူးတွဲရရှိခဲ့လို့ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မိပါတယ်”
05-May-2019
ရီးရဲလ်မက်ဒရစ် အသင်းတာဝန်ရှိသူများသည် မန်ယူဘက်က ကွင်းလယ်လူ ပေါ့ဂ်ဘာအတွက် သတ်မှတ်တောင်းဆိုနေသော ပြောင်းရွှေ့ကြေးပမာဏကို ဈေးလျှော့မပေးပါက အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ဟု ထုတ်ဖော်အသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
05-May-2019
မန်စီးတီး အမျိုးသမီး ဘောလုံးအသင်းသည် အမျိုးသမီး အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ဝက်စ်ဟမ်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့ပြီး မန်စီးတီး အမျိုးသမီးအသင်းမှာ လက်ရှိ ဘောလုံးရာသီ၌ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲနှင့် အက်ဖ်အေဖလားပြိုင်ပွဲ နှစ်ခုလုံးတွင် ချန်ပီယံဆုဖလားများကို ဆွတ်ခူးရရှိသွား
05-May-2019
မက္ကဆီကို လက်ဝှေ့ကစားသမား အယ်လ်ဗာရက်ဇ်သည် အမေရိကန် လက်ဝှေ့ကစားသမား ဒန်နီရယ်လ် ဂျက်ကော့ဘ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော အထူးစိန်ခေါ်ပွဲစဉ်တွင် အမှတ်ဖြင့် အနိုင်ယူကာ ၎င်းဆွတ်ခူးရရှိထားသည့် WBC နှင့် WBA ဝယ်လ်တာဝိတ်တန်း ချန်ပီယံရွှေခါးပတ်များကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့သည့်အပြင် ဂျက်ကော့ဘ်ပိုင်ဆိုင်ထားသည့် IBF ဝယ်လ်တာဝိတ်တန်း ချန်ပီယံရခါးပတ်ကိုပါ ရယူသွားနိုင်ခဲ့ပြီဖြစ်ကြောင်း
05-May-2019
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် လီဗာပူးက နယူးကာဆယ်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်းကို ထမ်းစင်ဖြင့် ကွင်းပြင်သို့ သယ်ထုတ်ချိန်တွင် ဆာလားဟ်မှာ မျက်ရည်များ ကျဆင်းနေခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
04-May-2019
မန်ယူနည်းပြဟောင်း မော်ရင်ညိုမှာ လက်ရှိတွင် စီးရီးအေကလပ် ရိုးမားအသင်းနှင့် စာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိနေသော်လည်း ကာယကံရှင် နည်းပြအနေနှင့် စာချုပ်အမှန်တကယ် ဖြစ်မြောက်မှုအတွက် စီးရီးကလပ်အသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့်ရရန် လိုအပ်သည်ဟု The Sun က ဖော်ပြလာသည်။
04-May-2019
ရီးရဲလ်မက်ဒရစ်အသင်းသည် ဖရန့်ဖတ်တိုက်စစ်မှူး ဂျိုဗစ်ကို ခေါ်ယူရန်အတွက် ဆွေးနွေးနေပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
03-May-2019
မန်ယူနည်းပြဟောင်း မော်ရင်ညိုသည် ၎င်း၏အလုပ်လုပ်ကိုင်ပုံနှင့် နည်းစနစ်များကို အမြဲတစေ ဝေဖန်ခဲ့သော မန်ယူကစားသမားဟောင်းများဖြစ်ကြသည့် ပေါလ်စခိုးနှင့် ဂယ်ရီနဗီးလ်တို့ကို တုံပြန်ထိုးနှက်လိုက်ပြီဖြစ်ပြီး နည်းပြဘဝသို့ ကူးပြောင်းဝင်ရောက်ရာတွင် အရှက်ရဖွယ်ရာ ကျရှုံးမှုများဖြင့် ရင်ဆိုင်ခဲ့ရသော ယင်းကစားသမားများ၏ဖြစ်အင်ကို အငေါ်တူး၍ မော်ရင်ညိုက တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
02-May-2019
လာမည့် မေလ (၁၅) ရက်တွင် ကျရောက်သော AFC Grassroots Football Day 2019 အထိမ်းအမှတ် ဘောလုံးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများ တွေ့ဆုံကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းဝေးခန်းမတွင် ယနေ့ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။