News

21-Aug-2017 tagged as ဘာစီလိုနာ
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာသည် ပီအက်စ်ဂျီက တူးလော့စ်ကို ခြောက်ဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် အသင်းဟောင်း ဘာစီလိုနာ၏ ဘုတ်အဖွဲ့ကို ဝေဖန်ပြစ်တင်စကားများ ပြောကြားလိုက်ပြီး ဘာစီလိုနာဘုတ်အဖွဲ့တွင် ဒါရိုက်တာရာထူးနှင့် မထိုက်တန်သူများ ရှိနေသည်ဟု နေမာက အသိပေးသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
အင်ဒိုနီးရှား သုံးယောက်တွဲ အမျိုးသမီးပိုက်ကျော်ခြင်း အသင်းသည် မလေးရှား အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဒိုင်လူကြီးက မလေးရှားအသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည့်အတွက် ပြိုင်ပွဲကို ဆုံးခန်းတိုင်သည်အထိ မယှဉ်ပြိုင်တော့ဘဲ နုတ်ထွက်ကာ ဆန္ဒပြ ကန့်ကွက်သွားခဲ့ကြောင်း Bernama က ဖော်ပြထားသည်။
20-Aug-2017 tagged as မန်ယူအသင်း
မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် မန်ယူကို ၎င်းစွန့်ခွာဖြစ်ခဲ့သည့် အကြောင်းရင်းကို ဖွင့်ဟပြောကြားလိုက်ပြီဖြစ်ပြီး ၎င်းက အသင်းအတွက် အပြုသဘောဆောင်သည့် တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြောကြားခဲ့သည့် အင်တာဗျူး ဖြေကြားချက်များကို အသင်းတာဝန်ရှိသူများက ဒဏ်ကြေးငွေ တပ်ရိုက် အရေးယူခဲ့သည့်အတွက် ၎င်းအနေနှင့် မန်ယူကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရွိုင်ကိန်းက အသိပေးသွားခဲ့သည်
20-Aug-2017 tagged as
ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်နှင့် ချာလ်တန်တို့ကို တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးသည့် ပရီးမီးယားလိဂ် ဝါရင့်နည်းပြကြီး တစ်ဦးဖြစ်သော အလန်ပါဂျူးသည် မန်ယူတိုက်စစ်မှူးသစ် လုကာကုအနေနှင့် နစ္စတယ်လ်ရွိုင်းနှင့် ရှရင်ဂမ်တို့ကဲ့သို့သော ပါးနပ်မှုမျိုးရှိရန် လိုအပ်နေသေးသည်ဟု ထောက်ပြလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မလေးရှား ရဲတပ်ဖွဲ့သည် မြန်မာအသင်း ယှဉ်ပြိုင်သည့် ပွဲစဉ်များအပြီးတွင် အထောက်အထား မပြနိုင်သော မြန်မာနိုင်ငံသားများကို ဖမ်းဆီးမှုများ ရှိနေသည်ဟု အဆိုပါနိုင်ငံသို့ ရောက်ရှိနေသာ သတင်းထောက်များ၏ အဆိုအရ သိရသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ရာသီဖွင့်ပွဲစဉ် နှစ်ပွဲတွင် မန်ယူအနေနှင့် ဂိုးပြတ်ရလဒ်များဖြင့် နိုင်ပွဲများ ရယူနိုင်ခဲ့သည်ကို သတင်းမီဒီယာများနှင့် ပရိသတ်များက ချီးကျူးလျက် ရှိသော်လည်း စိတ်ကြီးမဝင်မိကြောင်း ထုတ်ဖော်အသိပေးသွားခဲ့သည်။
20-Aug-2017 tagged as မန်ယူ
ဒဏ်ရာပြဿနာများကြောင့် အနားယူနေရသည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် လက်ရှိသြဂုတ်လအတွင်း၌ မန်ယူနှင့် စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးဖြစ်လိမ့်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး မန်ယူအသင်း တာဝန်ရှိသူများမှာ အီဘရာဟီမိုဗစ်ကို စာချုပ်သစ် တရားဝင် ကမ်းလှမ်းထားပြီလည်း ဖြစ်သည်။
မလေးရှား ရဲတပ်ဖွဲ့ဝင်များ အနေနှင့် အထောက်အထား မပြနိုင်သော ဘောလုံးပရိသတ်များကို ဖမ်းဆီးမှုများ ရှိနေသောကြောင့် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည့် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အတွက် လက်မှတ်မဝေရန် ဆုံးဖြတ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။
မလေးရှား လူငယ်နှင့်အားကစားရေးရာဝန်ကြီး ခိုင်ရီ ဂျမားလွတ်ဒင်သည် ၂၉ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ကမ်းစာအုပ်တွင် အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ဖော်ပြခဲ့မိခြင်းအတွက် ပြန်လည်ဝန်ချ တောင်းပန်သွားခဲ့ပြီ ဖြစ်ကြောင်း Channel News Asia က ဖော်ပြထားသည်။
19-Aug-2017 tagged as
၂၉ ကြိမ်မြောက် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိသွားပြီဖြစ်သော မြန်မာ့လက်ရွေးစင် အမျိုးသားယူ ၂၂ အသင်းနှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတို့ကို ယနေ့ (သြဂုတ် ၁၉ ရက်) ည မလေးရှား စံတော်ချိန် ၈ နာရီက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက အမေရိကန်ဒေါ်လာ တစ်သောင်စီ ချီးမြှင့်ပေးခဲ့သည်။
19-Aug-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်းအနေနှင့် ချယ်လ်ဆီးအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်လာစေရန်အတွက် အချိန်လေးနှစ်ယူကာ တည်ဆောက်သွားရလိမ့်မည်ဟု အံ့သြသင့်ဖွယ် ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
19-Aug-2017 tagged as အာဆင်နယ်
စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းသည် အာဆင်နယ်ထံတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိရန် ရုန်းကန်နေရသည့် နောက်ခံလူ ဂါဘရီရယ်လ်ကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၁၁ သန်းဖြင့် ဝယ်ယူ၍ အသင်းကို အင်အားဖြည့်တင်းလိုက်ပြီ ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးအသင်းမှာ ကစားသမားတစ်ယောက် ဆုံးရှုံးလျှင် နှစ်ယောက် ပြန်လည်ဝယ်ယူ၍ အင်အားဖြည့်နိုင်သော အခြေအနေကို ပိုင်ဆိုင်ထားသည့်အတွက် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာကို လွယ်လင့်တကူပင် ဖြေရှင်းနိုင်စွမ်း ရှိကြောင်း Daily Star က ဖော်ပြထားသည်။
19-Aug-2017 tagged as ဘောလုံး
“သြဂုတ်လ (၁၉) ရက်၊ စနေနေ့မှာ ဖွင့်ပွဲအခမ်းအနားကျင်းပမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံဘက်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်မယ့်သတင်းကို ခုချိန်ထိ ဘာသံမှ မကြားရသေးပါဘူး။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူတစ်ဦးကိုပဲ တွေ့နေရတယ်”