News

မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနှင့် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသော ပီအက်စ်ဂျီနည်းပြဟောင်း လောရင့်ဘလန့်တို့အနက်မှတစ်ဦးကို ယင်းနေရာတွင်အစားထိုး၍ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနိုင်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဂျေမီရက်နပ်သည် မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ထံတွင် နည်းပြမော်ရင်ညိုကို ရာထူးထုတ်ပယ်ရန် အစီအစဉ်များရှိနေပြီဟု သုံးသပ်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
01-Aug-2018 tagged as Liverpool Soccer Barcelona Mignolet Cillessen
ဘာစီလိုနာအသင်းသည် အသင်းအရန်ဂိုးသမား ဆီလက်စ်ဆန်ကို လက်လွှတ်ရဖွယ်အခြေအနေများ ရှိလာခြင်းကြောင့် ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် လီဗာပူးအရန်ဂိုးသမား မစ်ဂ်နိုလက်ကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
31-Jul-2018 tagged as Soccer Serie A Juventus AC Milan Bonucci
ဂျူဗင်တပ်သည် ဟီဂူအင်ကို ချယ်လ်ဆီးထံသို့ လက်လွှတ်မပေးဘဲ အေစီမီလန်ထံသို့ အငှားချရန် ဆုံးဖြတ်လိုက်သည်မှာ ၎င်းတို့၏နောက်ခံကစားသမားဟောင်း ဘိုနုချီကို ပြန်လည်ခေါ်ယူနိုင်ရန် အခွင့်အရေးရရှိလာခဲ့၍ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြသစ် ဆာရီ အလွန်အမင်း ခေါ်ယူလိုလျက်ရှိသော ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ တစ်နှစ်သက်တမ်းရှိ အငှားစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့တော့မည်ဖြစ်ပြီး အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် အပြီးသတ်သဘောတူညီမှုရသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းကစားသမားများသည် နည်းပြ မော်ရင်ညို၏သဘောထားတင်းမာစွာ ဆက်ဆံတတ်မှုများကို စိတ်ပျက်စိတ်ကုန်နေကြပြီဖြစ်ပြီး မော်ရင်ညိုမှာ ၎င်းစိတ်အလိုမကျတော့သော ကစားသမားများကို အသင်းလူစာရင်းတွင် နေရာမပေးတော့ဘဲနှင့် ဘေးဖယ်ထားတတ်လေ့ရှိသည်ကို မန်ယူကစားသမားများက သဘောမတွေ့တော့ကြောင်း Daily Star က ဖော်ပြထားသည်။
31-Jul-2018 tagged as Soccer Serie A C Ronaldo Juventus
စီးရီးအေအမှတ်ပေးချန်ပီယံ ဂျူဗင်တပ်ထံသို့ စီရော်နယ်ဒို ပြောင်းရွှေ့ရောက်ရှိလာခြင်းသည် စီးရီးအေပြိုင်ပွဲ၏လက်မှတ်ဈေးနှုန်းများကို မြင့်တက်သွားစေခဲ့ပြီဖြစ်ပြီး ဂျူဗင်တပ်အသင်းသာလျှင်မကဘဲ အချို့သောအသင်းများကလည်း ၎င်းတို့နှင့် ဂျူဗင်တပ်အသင်းယှဉ်ပြိုင်ရမည့်ပွဲစဉ်၏လက်မှတ်တန်ကြေးများကို မြှင့်တင်ထားပြီဖြစ်ကြောင်း Footbal Italia က ဖော်ပြထားသည်။
31-Jul-2018 tagged as Soccer Ibrahimovic LA Galaxy Major League
အမေရိကန်ပြည်ထောင်စုအခြေစိုက် မေဂျာလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပါဝင်ကစားနေသည့် အယ်လ်အေဂလက်ဆီအသင်း၏တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ၎င်းအနေနှင့် ဥရောပဘောလုံးလောကတွင် ကစားသမားဘ၀ဖြတ်သန်းမည်ဆိုပါက ဖြတ်သန်းနိုင်စွမ်းရှိနေသေးကြောင်း Daily Mail က ဖော်ပြထားသည်။
လက်စတာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့သည် ၎င်းတို့၏ကစားသမားများဖြစ်သည့် မာဂွီရေးနှင့် ကန်တေတို့ကို ထိပ်တန်းအဆင့် လုပ်ခလစာအကျိုးခံစားခွင့်များပေးအပ်၍ အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အသီးသီး ကြိုးပမ်းနေကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
30-Jul-2018 tagged as Soccer Conte Serie A AC Milan
အေစီမီလန်အသင်းသည် ချယ်လ်ဆီးနည်းပြရာထူးက ထုတ်ပယ်ခြင်းခံလိုက်ရသော ကွန်တီကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် တရားဝင်ကမ်းလှမ်းမှုတစ်ရပ် စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အားကစားရေးရာကံစမ်းကုမ္ပဏီများသည် မန်ယူနည်းပြမော်ရင်ညိုကို လာမည့်ဘောလုံးရာသီ၌ ပထမဆုံးသော ရာထူးစွန့်လွှတ်ရမည့် နည်းပြဖြစ်လာလိမ့်မည်ဟု အလေးပေးချက်များ ထုတ်ပြန်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဒါရိုက်တာဘုတ်အဖွဲ့ဘက်က ၎င်းအလိုရှိသော ကစားသမားများကို ခေါ်ယူမပေးပါက အသင်းရှိကစားသမားများအနက်မှအချို့ကို ရောင်းထုတ်၍ အပြောင်းအရွှေ့အသုံးစရိတ်စုဆောင်းကာ ၀ယ်ယူသွားမည်ဟု တန်ပြန်ခြိမ်းခြောက်လိုက်ကြောင်း Team Talk က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုနှင့် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်တို့သည် ပုဂ္ဂိုလ်ရေးသဘောထားတင်းမာမှု အမြင့်ဆုံးအခြေအနေဖြစ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မာတီရယ်လ်၏အေးဂျင့်ဖြစ်သူ လမ်ဘိုလေးမှာ မန်ယူကို မာတီရယ်လ်စွန့်ခွာနိုင်စေရန်အတွက် နည်းလမ်းရှာဖွေနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လာမည့်တနင်္ဂနွေနေ့၌ မန်စီးတီးနှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကြရမည့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် လူငယ်ကစားသမားအများစုကို နေရာပေးပွဲထုတ်ရန်သာ စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းကို အားဖြည့်ရန်အတွက် စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်နှင့် ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံတို့ကို ခေါ်ယူထားပြီဖြစ်ကြောင်း သတင်းပေါက်ကြားမှုဖြစ်ပွားခဲ့ကာ အသင်းဘက်က အတည်ပြုချက်ထုတ်ပြန်ရန်သာကျန်တော့ကြောင်း Full Time DEVILS လူမှုကွန်ရက်စာမျက်နှာက ဖော်ပြထားသည်။