News

03-Jan-2018 tagged as Soccer Premier League Chelsea De Bruyne Hazard
ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်သည့် ဘယ်လ်ဂျီယံ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီဖြစ်ကာ ဟားဇတ်မှာ ယင်းဆုကို မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်နေးအား ကျော်ဖြတ်၍ ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ စကော့တ်ဒန်းနှင့် ကွင်းလယ်လူ ပန်ချီအွန်တို့သည် ခရစ္စတယ်ပဲလေ့စ်နှင့် မန်စီးတီးတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သည့်အတွက် ရာသီကုန်ချိန်တိုင်သည်အထိ အနားယူဆေးကုသမှုခံရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို ၎င်းအတွက် လွန်ခဲ့သော ၁၈ လအတွင်း ကစားသမားသစ်များခေါ်ယူရန် ပြောင်းရွှေ့ကြေးထုတ်ပေးခဲ့သည်မှာ လုံလောက်မှုမရှိဟု အတိအလင်း ဝေဖန်လိုက်ပြီဖြစ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်သီးအသင်းကြီးတစ်သင်းအဖြစ် ပြန်လည်ရပ်တည်လိုပါက ဓနအင်အားကို အသုံးပြု၍ မန်ယူကို စုဖွဲ့တည်ဆောက်ရလိမ့်မည်ဟုလည်း မော်ရင်ညိုက အသိပေးထားသေးကြောင်း The Sun က ဖော်ပြထားသည်။
03-Jan-2018 tagged as Soccer Premier League Conte Chelsea Yoga
ချယ်လ်ဆီးနည်းပြ ကွန်တီသည် လက်ရှိ ၂၀၁၈ ခုနှစ်ကစတင်ကာ စိတ်ခံစားချက်ကို ထိန်းချုပ်၍ အောင်ပွဲခံနိုင်စေရန်အတွက် ယောဂကျင့်သွားတော့မည်ဖြစ်ကာ ၎င်းအနေနှင့် ယောဂလေ့ကျင့်ခန်းများနှင့်သက်ဆိုင်သောစာအုပ်များကို ရှာဖွေဖတ်ရှုကာ လေ့လာနေပြီဖြစ်ကြောင်းလည်း ကွန်တီက ဖွင့်ဟ၀န်ခံထားသည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းကို အင်အားဖြည့်တင်းရန်အတွက် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီခရူးစ်၊ ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မော်ရာနှင့် အင်တာမီလန်ကွင်းလယ်လူ ဂျောင်မာရီယိုတို့ကို ခေါ်ယူရန် စီစဉ်နေကြောင်း Daily Star က ဖော်ပြထားသည်။
မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်သည် ၂၀၁၇ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် ကျပ်သိန်း ငါးထောင်ကျော် သုံးစွဲခဲ့ရကြောင်း ယင်းအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၀က်စ်ဘရွန်းနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၀က်စ်ဘရွန်းအသင်းကို ပွဲပြီးဆုံးရန် မိနစ်အနည်းငယ်သာ လိုတော့ချိန်တွင် ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးလိုက်သည့် ကွင်းလယ်ဒိုင်လူကြီး မိုက်ခ်ဒင်းန်၏ဆုံးဖြတ်ချက်ကို ယခုအချိန်တိုင်သည်အထိ ဒေါသပေါက်ကွဲနေဆဲဖြစ်ပြီး မိုက်ခ်ဒင်းန်မှာ ၎င်းအလိုရှိသည့်အရာကိုသာ မြင်တွေ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ချင့်ချိန်စဉ်းစားခြင်းမရှိဘဲ ဆုံးဖြတ်ချက်ကို လွယ်လင့်တကူ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အာစင်ဝင်းဂါးက ဝေဖန်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၃၃ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေပြီဖြစ်ပြီး ဘာစီလိုနာပရိသတ် ၇၀ ရာခိုင်နှုန်းကလည်း ကော်တင်ညိုကို အသင်းထံသို့ ခေါ်ယူပေးပါရန် လက်မှတ်ရေးထိုး တောင်းဆိုထားပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
02-Jan-2018 tagged as Soccer Mourinho Manchester United Lukaku
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ဆောက်သမ်တန်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာရသွားခဲ့သည့် တိုက်စစ်မှူး လုကာကုမှာ တစ်ပတ်မျှအနားယူပြီးပါက ဘောလုံးပြန်ကစားနိုင်လိမ့်မည်ဟု ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
02-Jan-2018 tagged as Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏ဘ၀ဖြတ်သန်းမှုတွင် ဘောလုံးအားကစားနည်း၏အခန်းကဏ္ဍသာ မရှိတော့ပါက အဓိပ္ပါယ်ကင်းမဲ့သည့်အခြေအနေတစ်ရပ်ဖြစ်သွားလိမ့်မည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့သည် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန် စီစဉ်ထားခြင်းကို ပြန်လည်သုံးသပ်နေကြပြီဖြစ်ကာ ဟာဇတ်ကိုခေါ်ယူခြင်းထက် အဆန်ဆီယိုကို ပွဲကစားခွင့် ပိုမိုပေးအပ်ခြင်းက အသင်းအတွက် အကျိုးပိုများစေနိုင်လိမ့်မည်ဟု ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက ယူဆနေကြပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးမှာ ကျွမ်းကျင်သောဝေဖန်ရေးသမားတစ်ဦး မဟုတ်သည့်အတွက် အသင်း၏လက်ရှိအခြေအနေများကို ဝေဖန်စကားများ ပြောကြားနေမည့်အစား တိတ်တိတ်ဆိတ်ဆိတ်နေသင့်ကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်စ်သည် ခရစ္စတယ်ပဲလေ့စ်နှင့် မန်စီးတီးတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် နှစ်လခန့် အနားယူဆေးကုသမှု ခံရတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းကစားသမားများဖြစ်ကြသည့် ဒီဂီယာ၊ မာတာနှင့် ဟာရီရာတို့သည် ကုန်လွန်ခဲ့သည့် နှစ်သစ်ကူးညကို တစ်ဦးလျှင် စပျစ်သီး ၁၂ လုံးကျစီ စား၍ ဖြတ်သန်းခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် ၂၀၀၃-၀၄ ဘောလုံးရာသီတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းကို ရှုံးပွဲမရှိစံချိန်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်စေခဲ့သောစံချိန်ကို မည်သူကမျှ ချိုးဖျက်နိုင်လိမ့်မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။