News

25-Aug-2017 tagged as
ရှုံးပွဲမရှိစံချိန်နဲ့ ကမ္ဘာ့လက်ဝှေ့လောကမှာ မှတ်တမ်းကောင်း စိုက်ထူထားတဲ့ အမေရိကန် လက်ဝှေ့ကစားသမား မေဝယ်သာဟာ အိုင်ယာလန် ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်မှာ ကိုယ့်ကိုကိုယ် လောင်းကြေးပြန်ထပ်ဖို့ ပြင်ဆင်လိုက်ပါပြီ။
25-Aug-2017 tagged as ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၁၃၈ သန်းနဲ့ သဘောတူညီမှု ရသွားခဲ့ပါပြီ။
25-Aug-2017 tagged as ရီးယဲလ်
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပေးအပ်ချီးမြှင့်သည့် ဥရော ပတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက် ဆွတ်ခူးသိမ်းပိုက် ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Aug-2017 tagged as မြန်မာ
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၉ ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ အမျိုးသမီးပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သော်လည်း အမျိုးသားအသင်းမှာ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
24-Aug-2017 tagged as
The ExtremeCrew ဟု အမည်ပေးထားသည့် အင်ဒိုနီးရှား ကွန်ပျူတာဟက်ကာအဖွဲ့တစ်ဖွဲ့သည် မလေးရှားဝက်ဘ်ဆိုက်များကို လိုက်လံ တိုက်ခိုက်နေပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်သည်မှာ ဆီးဂိမ်းစ်လက်ကမ်းစာအုပ်တွင် အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ထည့်သွင်းဖော်ပြခဲ့သည့် မလေးရှား၏လုပ်ရပ်ကို မကျေနပ်၍ဖြစ်သည်ဟု ယင်းဟက်ကာအဖွဲ့က အသိပေးထားကြောင်း Channel News Asia က ဖော်ပြထားသည်။
23-Aug-2017 tagged as
အဲဗာတန်တိုက်စစ်မှူး ရူနီသည် ၎င်းအနေနှင့် နိုင်ငံတကာ လက်ရွေးစင် ကစားသမားဘဝ ဖြတ်သန်းမှုကို အဆုံးသတ်ကာ အနားယူပြီဖြစ်ကြောင်း အံ့သြသင့်ဖွယ် ထုတ်ပြန်ကြေညာလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
23-Aug-2017 tagged as
မန်ယူကွင်းလယ် ကစားသမား ပေါ့ဂ်ဘာသည် ၎င်း၏ဆံပင်တွင် EQUAL (သာတူညီမျှ) ဟူသည့်စာလုံးကို ဒီဇိုင်းပုံဖော်လိုက်ပြီဖြစ်ပြီး ယင်းဆံပင်ဒီဇိုင်းကို ဥရောပ ဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ကြီးမှူးစီစဉ်သည့် RESPECT အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန်အတွက် ပုံဖော်လိုက်ခြင်းဖြစ်သည်
23-Aug-2017 tagged as
မြန်မာပရိသတ်တွေက ကွင်းအနီးက ကုန်ကမူပေါ်မှာ ထိုင်သူထိုင် ပလက်ဖောင်ပေါ် မတ်တပ်ရပ်သူရပ်နဲ့ စုဝေးနေကြတယ်။ အိုးစည်ဗုံမောင်းတွေ ပါလာလို့ ဒိုးပတ်သံနဲ့ လင်းကွင်းသံတခြွမ်းခြွမ်း တီးပြီး ကွင်းရှေ့စောင့်နေကြတယ်။ ရာသီဥတုက ဒီနေ့ အတော့်ကို ပူပါတယ်။ နေပူထဲမှာ မြန်မာပရိသတ်တွေ ပူရကောင်းမှန်း မသိကြပါဘူး။
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိဘောလုံးရာသီတွင် မန်ယူအသင်း ကစားသမားများကို အထူးအခွင့်အရေးတစ်ရပ် ပေးအပ်ထားပြီဖြစ်ကာ ယင်းအခွင့်အရေးမှာ ပြိုင်ပွဲမကစားမီ နေ့ရက်များတွင် အသင်းဟိုတယ်သို့ လာရောက် နေထိုင်ရမည့်အစား သက်ဆိုင်ရာ နေအိမ်များတွင် မိသားစုနှင့်အတူ နေထိုင်ခွင့် ပေးထားခြင်းပင်ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
22-Aug-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဆာရေးအရပ်တွင် ၎င်းနေထိုင်လျက်ရှိသည့် နေအိမ်တွင်ထားရှိသော ပစ္စည်းများအားလုံးကို အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှု ဝန်ထမ်းများစေလွှတ်၍ သိမ်းဆည်းခိုင်းလိုက်ပြီဖြစ်ပြီး ယင်းအတွက် ဒီယေဂိုကော်စတာမှာ ချယ်လ်ဆီးထံသို့ ပြန်လည်လာရောက် ပေါင်းစည်းတော့မည် မဟုတ်သည်မှာ ပိုမိုသေချာသွားခဲ့ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
22-Aug-2017 tagged as မန်ယူအသင်း
အဲဗာတန်တိုက်စစ်မှူး ရူနီသည် မန်စီးတီးနှင့် အဲဗာတန်တို့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် ရင်းနှီးသော မျက်နှာများရှေ့တွင် အောင်ပွဲခံရသည်မှာ အမြဲတစေ နှစ်လိုဖွယ် ကောင်းသည်ဟု ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် အသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
22-Aug-2017 tagged as အာဆင်နယ်
ဒဏ်ရာများ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်၍ အာဆင်နယ် ယူ-၂၃ အသင်းကို ကိုယ်စားပြုကာ စတင်ပွဲထွက်ကစားခဲ့သော အာဆင်နယ် ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် အာဆင်နယ် ယူ-၂၃ အသင်းနှင့် မန်စီးတီး ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားတစ်ဦးကို တွန်းထိုးရန်ပြုခဲ့သည့်အတွက် အနီကတ်ပြသ ထုတ်ပယ်ခံလိုက်ရကြောင်း Daily Star က ဖော်ပြထားသည်။
21-Aug-2017 tagged as ဘောလုံးအသင်း
ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်သည် ရီးရဲလ်မက်ဒရစ်က ဒီပို့တီဗိုကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်တွင် နှစ်ဝါတစ်နီ ပြသထုတ်ပယ် ခံခဲ့ရခြင်းအတွက် ကွင်းလယ်ဒိုင်လူကြီး ဟိုဆေး လူးဝစ္စ ဂွန်ဇာလက်ဇ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
21-Aug-2017 tagged as ဘာစီလိုနာ
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာသည် ပီအက်စ်ဂျီက တူးလော့စ်ကို ခြောက်ဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် အသင်းဟောင်း ဘာစီလိုနာ၏ ဘုတ်အဖွဲ့ကို ဝေဖန်ပြစ်တင်စကားများ ပြောကြားလိုက်ပြီး ဘာစီလိုနာဘုတ်အဖွဲ့တွင် ဒါရိုက်တာရာထူးနှင့် မထိုက်တန်သူများ ရှိနေသည်ဟု နေမာက အသိပေးသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
အင်ဒိုနီးရှား သုံးယောက်တွဲ အမျိုးသမီးပိုက်ကျော်ခြင်း အသင်းသည် မလေးရှား အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဒိုင်လူကြီးက မလေးရှားအသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည့်အတွက် ပြိုင်ပွဲကို ဆုံးခန်းတိုင်သည်အထိ မယှဉ်ပြိုင်တော့ဘဲ နုတ်ထွက်ကာ ဆန္ဒပြ ကန့်ကွက်သွားခဲ့ကြောင်း Bernama က ဖော်ပြထားသည်။